ဇွဲဓန (ကိန်းသာမြေ)
နိ၇ဉ္စရာ၊ ဖေဖော်ဝါရီ ၂၃ / ၂၀၂၁
၇ခိုင်ပြည်နယ်တွင် အခြေခံပညာ (ထက်၊ လယ်၊မူ) ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဆရာ ဆရာမများကို ဖေဖော်ဝါရီ၂၂ ရက်နေ့ ကျောင်းတက်ကြရန် သက်ဆိုင်ရာ ပညာရေးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်သော်လည်းတိုက်ပွဲကြောင့် ပိတ်ထားခဲ့ရသည့် ကျောင်းများသို့ ဆရာ ဆရာမများ သွားရောက်ရန် မလွယ်ကူနိုင်သောအခြေအနေတွင် ရှိနေကြောင်း သတင်းရရှိသည်။
၎င်းကျောင်းများ တည်ရှိရာ ကျေးရွာများတွင် ရွာသားတစ်ဦးတစ်ယောက်မျှမရှိသော ကျေးရွာများ ရှိသလို တစ်ချို့ကျေးရွာများတွင် တချို့တဝက် ကျေးရွာသားများ ရောက်ရှိနေပြီဖြစ်သော်လည်းမြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ အန္တရာယ်ကြောင့် ကျောင်းများ ပြန်ဖွင့်လှစ်ရန်မလွယ်ကူနိုင်သော အခြေအနေဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ရသေ့တောင်မြို့နယ်တွင် စုစုပေါင်း အစိုး၇စာသင်ကျောင်း ၁၉၄ကျောင်းရှိပြီး ထိုအထဲတွင် နယ်မြေ မတည်ငြိမ်မှုကြောင့် စာသင်ကျောင်းအများအပြားမှာ ပိတ်ထားရဆဲဖြစ်ကြောင်းသိ၇သည်။
၎င်းကျောင်းများ အထဲတွင် ၂၀၁၇ ခုနှစ် အရေးအခင်းကတည်းက ပိတ်ထားခဲ့ရသည့်မူဆလင်ကျေးရွာရှိ စာသင်ကျောင်း ၁၀ ကျောင်းနှင့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သော အနီးတစ်ဝိုက် ကျေးရွာများမှ စာသင်ကျောင်း၁၆ ကျောင်းတို့ ပါဝင်ကြောင်း သိရှိ၇သည်။
တိုက်ပွဲများကြောင့် ပိတ်ထားရသော၇သေ့တောင်မြို့နယ်မှ စာကျောင်းများမှာကျောက်တန်းကျေးရွာ အထက အပါအဝင် နှစ်ကျောင်း၊ ရေစိုးချောင်းအထက၊ ရေဘုတ်ကျေးရွာ၊ သမီးလှကျေးရွာ၊ ထွီးစွဲကျေးရွာ၊ အောင်သာစည်ကျေးရွာ၊မညှင်းတောင်ကျေးရွာ၊ ငတောက်တူချေကျေးရွာ၊ ဘောဓိကိုင်းကျေးရွာ၊ ဘောဓိကုန်းကျေးရွာ(၂)၊ ကျောက်ကုန်ပုတ်၊ အောင်ဇေယျကျေးရွာ၊ ကင်းပွန်းချောင်းကျေးရွာ၊ တောင်းရင်းပိုင်းကျေးရွာနှင့် မုဆိုးချောင်း(ခ)ငစံဘော်ကျေးရွာရှိ စာသင်ကျောင်းများဖြစ်ကြသည်။
၇သေ့တောင်မြို့နယ်တွင် စာသင်ကျောင်းများအား စတင်ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက် ပေးနေသော်လည်း ကျေးရွာတစ်ချို့တွင် ကျောင်းဖွင့်ရန် အခက်ခဲရှိနေသေးကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက နိ၇ဉ္စရာသို့ ပြောသည်။
“ ကျမတို့ကို ကျောင်းဖွင့်ဖို့အတွက် အထက်က ညွှန်ကြားထားတာရှိတယ်။ အဲဒါကြောင့်ကျောင်းတွေ အားလုံးဖွင့်ဖို့အတွက် ကျမတို့က ကျောင်းတွေကို ဥပဓိရုပ်ကောင်းအောင်သန့်ရှင်းရေးတွေ လုပ်နေတယ်။ တစ်ချို့ကျောင်းတွေက ဖွင့်ဖို့အတွက် အခက်ခဲရှိနေတယ်။အခက်ခဲက ဘာလဲဆိုတော့ ကျောင်းတွေ ဖွင့်ဖို့အတွက်က ကျေးရွာတွေမှာ လူတွေက နေထိုင်လို့မရှိကြသေးဘူး။ ပြီးတော့ အဲဒီရွာတွေကိုသွားဖို့ အခက်ခဲတွေရှိတယ်။ ကျောင်းအဆောက်အဦးတွေလည်းပျက်စီးနေတယ်။ ဒီလို ပျက်စီးနေတယ်ဆိုတော့ ကျောင်းသုံး ပရိဘောဂတွေလည်း ပျက်စီးနေတယ်လို့ကျမတို့က ကြားသိရတယ်။ နောက်တစ်ခုက သွားလာဖို့အတွက် စစ်ကျန် လက်နက်ခဲယမ်း မိုင်းတွေကိုဖယ်ရှားပေးဖို့ လိုသေးတယ်။ ဒီမိုင်းအန္တာရာယ်တွေကို ဖယ်ရှားပေးနိုင်တာနဲ့ ချက်ချင်းသွားဖို့ကျမတို့က ဆောင်ရွက်ထားတယ် ”ဟု ပြောသည်။
ဘူးသီတောင်မြို့နယ်တွင် ကျောင်းပေါင်း အနည်းဆုံး၂၅ ကျောင်းခန့် ပိတ်ထား၇ပြီး ၎င်းကျောင်းများမှာ စပါးထားကျေးရွာ၊ ကွမ်းတောင်ကျေးရွာ၊ စည်တောင်ကျေးရွာ၊ ကံပြင်ကျေးရွာ၊ စံညင်းဝေကျေးရွာ၊ သံတိုင်ကျေးရွာ၊ အုတ်တောင်ကျေးရွာ၊ နွားရုံတောင်ကျေးရွာ၊ဥယျာဉ်သာကျေးရွာ၊ ကြာညိုပြင် ကျေးရွာ၊ ဖုံညိုလိပ်ကျေးရွာ၊ ရှသျှားတောင်ကျေးရွာ၊စံဂိုးတောင်ကျေးရွာ၊ ဆင်သေမူဆလင်ရွာ၊ သရက်ပြင်ကျေးရွာ၊ ကမ်းပိုင်ချောင်းကျေးရွာ၊ ခမီချောင်းကျေးရွာ၊မြောက်ချောင်းရွာသစ်၊ မြောက်ချောင်း ရွာဟောင်း၊ ကံကော်မြိုင်ကျေးရွာ၊ တရဂူကျေးရွာ၊ကျောက်စာတိုင်ကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ သရက်ပြင် (မူဆလင်)၊မင်းလှကိုင်းကျေးရွာ နှင့် သရဖီကျေးရွာ တို့ဖြစ်ကြသည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးအောင်သောင်းရွှေက “ ဒီကျောင်းတွေကတော့ လောလောဆယ် ဖွင့်ဖို့ မလွယ်ကူသေးဘူး။ အနည်းဆုံး၂၅ ကျောင်းလောက်တော့ ခန့်မှန်း ပြောဆိုလို့၇ပါတယ်” ဟုပြောကြားသည်။
ကျောက်တော်မြို့နယ်တွင် ကျောင်းဖွင့်ရန် မဖြစ်နိုင်သေးသောကျေးရွာများမှာ လောင်းရှည်ကျေးရွာ၊ နဂါးရာကျေးရွာ၊ မာလာကျေးရွာ၊ အထက်တင်းမကြီးကျေးရွာ၊မျောက်တောင်ကျေးရွာ၊ သာစည်ကျေးရွာ၊ ရွှေပြည်ကျေးရွာ နှင့် ပြိုင်းတိုင်းကျေးရွာ တို့ဖြစ်ကြောင်း ဒေသခံ အရပ်လူကြီးများကပြောဆိုသည်။
မောင်တောမြို့နယ်တွင်လည်း ၂၀၁ရခုနှစ်ကတည်းက ပိတ်ထားရသော အခြေခံ ပညာကျောင်းအများအပြားရှိနေဆဲဟု သိ၇သည်။