Preview

တောင်ကုတ်မြို့မှ ANP မြို့နယ် ဒုဥက္ကဋ္ဌ ဦးဝေသောင်းအပါအဝင် ၄ ဦးအား ရုံးထုတ်စစ်ဆေး

မတ် ၀၄/ ၂၀၂၁ | ကြည့်ရှုသူ :4669
ရခိုင် သတင်း

ကိုကိုတိုး

နိ၇ဉ္စရာ၊ မတ်လ /၂၀၂၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)ဖြင့် တရားစွဲခံနေ၇သည့်ဦးဝေသောင်း၊ ဦးဇေယျကျော်၊ ဦးစန်းငွေနှင့် ဦးမိုက်ကယ်တို့ ၄ ဦးအမှုအား တောင်ကုတ်မြို့နယ်တရားရုံးတွင်  မန်နေ့ ရုံးထုတ်စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

ရုံးထုတ်စစ်ဆေးခဲ့ရာတွင် တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲလာမည့် မတ်လ ၁၁ ရက်နေ့ကို ထပ်မံ ရုံးချိန်းလိုက်ကြောင်း ၎င်းအမှုအားလိုက်ပါဆောင်ရွက်ပေးနေသူရှေ့နေ ဦးတင်ညိုက ပြောသည်။

စစ်ဆေးတဲ့ အမှုအခြေနေကတော့ ထူးခြားမှုမရှိပါဘူး။ ပထမဆုံးတရားခံ မိုက်ကယ်ကို စစ်ဆေးတယ်။ ပြီးတော့ တရားခံ ဦးဝေသောင်းကို စစ်ဆေးတာပေါ့။ တရားခံဇေယျကျော် ကိုတော့ အနည်းအကျဉ်းလောက်ပဲ စစ်ဆေးလိုက်ရတယ်။ ကျန်တဲ့ တစ်ယောက်ကို မစစ်လိုက်၇ဘူး။ဘာကြောင့်ဆိုတော့ ညန ၃ နာရီမှာ မြို့နယ်တရားသူကြီးက အစည်းအဝေး တစ်ခုရှိတယ်။ အဲဒါကြောင့်ရပ်နားလိုက်၇တယ်။ နောက်ထပ် ကျနော်တို့ကို ဒီလာဖို့ ၁၁ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်တာဖြစ်တယ်ဟု ၎င်းက ပြောသည်။

အမှုရင်ဆိုင်နေ၇သူ ၄ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂ (က)ဖြင့် စွဲချက်တင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟုလည်း သိ၇သည်။

အမှုရင်ဆိုင်နေ၇သူ (ANP) ဒုဥက္ကဋ္ဌ ဦးဝေသောင်းက ယခုအမှုသည် သူတို့အား လုပ်ကြံ၍ ဖမ်းဆီး အမှုဆင်ခဲ့ခြင်းဖြစ်သည်ဟုပြောသည်။

ဒီအမှုရဲ့ အခြေနေကနော် ကျနော်တို့ဘက်က ကျူးလွန်ထားတာ ဘာမှမရှိဘူး။တမင် သက်သက် အမှုဆင်ပြီးတော့ ဖမ်းခဲ့တဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ပြီးတော့ လုပ်ကြံပြီး ဖမ်းခဲ့တဲ့အမှုဖြစ်တယ်။ ဒီဟာက သံသယနဲ့ ဖမ်းခဲ့တဲ့ အမှုတစ်ခုလည်း ဖြစ်တယ်။ မှန်မှန်ကန်ကန်နဲ့ စစ်ဆေးပေးသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ဘက်က အများကြီး နစ်နာတယ်။ အခုဆိုလို့ရှိရင်  ၁၀ လရှိနေပြီပေါ့။ အခုက ဒီအမှုဟာ အတိုင်းထက်အလွန်ကြာနေပြီဟု ဦးဝေသောင်းက ပြောသည်။

တောင်ကုတ်မြို့နယ်မှ ၇ခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဦးဇေယျကျော်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် လူမှုရေးလုပ်ငန်းများလုပ်ဆောင်သူဦးစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ် တို့သည် ၂၀၂၀ ပြည့်နှစ် မေလအတွင်း ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုခံထား၇ခြင်းဖြစ်သည်။

#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.