Preview

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် Women Generation အဖွဲ့မှ စစ်တွေတွင် လှုပ်ရှားမှုပြုလုပ်

မတ် ၀၉/ ၂၀၂၁ | ကြည့်ရှုသူ :9365
ရခိုင် သတင်း

ဇော်ဝင်းဋ္ဌေး( ငခူချောင်း)

နိ၇ဉ္စရာ၊ မတ်လ / ၂၀၂၁

 

မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ၌ မျိုးဆက်သစ်အမျိုးသမီးများအဖွဲ့ (Women Generation) အဖွဲ့မှ စစ်တွေကမ်းခြေ၌ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

 

၎င်းလှုပ်ရှားကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ကို ကြိုဆိုသည့်အနေဖြင့် မတ်လ ၈ ရက် နေ့လယ် ၁ နာရီခွဲခန့်အချိန်တွင်စစ်တွေ ကမ်းခြေ၌ Women Generationအဖွဲ့မှ ဒါရိုက်တာ မခင်မြင့်ဇော်ကနိ၇ဉ္စရာသို့ ပြောသည်။

 

"ဒီနေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ဂုဏ်ကိုဖော်ထုတ်ချင်တာပါ။ အမျိုးသမီး တွေကိုလည်း တန်ဖိုးထားစေချင်ပါတယ်။ အမျိုးသမီးတွေဟာ အဖိနှိပ်ခံမဟုတ်ဘူး။ အမျိုးသမီးတွေဟာလည်း လုပ်နိုင်စွမ်းရှိပါတယ်။ အမျိုးသမီးတွေကို အဘက်ဘက်က တိုးတက်လာအောင်အသိပညာတွေ ပေး လုပ်ငန်းတွေလုပ်ကိုင် ဆောင်ရွက်ဖို့လိုအပ်မယ် ။ ပြီးတော့ အမျိုးသမီးတွေကိုပါဝင်အောင်လည်း လက်တွဲခေါ်သင့်တယ်"ဟု ပြောသည်။

 

၄င်းလှုပ်ရှားမှု ပြုလုပ်ရာတွင်တဘီတစ်ထည်ပေါ်တွင် " ငါရို့ ထမီ ငါရို့အလံ ငါရို့အောင်ပွဲ"ဟု စာရေးသားပြီး ၎င်းထဘီကို ကိုင်ဆောင်ကာ အမျိုးသမီးများက လှုပ်ရှားခဲ့ကြသည်ဟုသိ၇သည်။

 

"အဓိကပြောချင်တာကတော့ ထဘီဆိုတာ နစ်နွန်းတဲ့အရာမဟုတ်ဘူး။ ဒါကြောင့်မို့ထဘီကိုသုံးလိုက်တာပါ ။ အဓိကတော့ နိုင်ငံတာကာ အမျိုးသမီးနေ့ကို လူတွေ သိသွားအောင်လို့ပါ။ ထဘီဆိုတာ အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်လို့ အသိပညာ ပေးချင်တာပါ။အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်တာပါ " ဟု မခင်မြင့်ဇော်က ပြောသည်။

 

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ၁၉၇၅ ခု မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြောင်း သိရှိ၇သည်။

 

Photo  Credit: Women Generation

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.