Preview

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကျင်းပရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အပေါ် မူတည်ကြောင်း ပြည်နယ်ကောင်စီဥက္ကဋ္ဌဆို

မတ် ၁၀/ ၂၀၂၁ | ကြည့်ရှုသူ :6669
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဉ္စရာ၊ မတ် ၁၀/ ၂၀၂၁


ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကျင်းပရေးမှာကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်အပေါ် မူတည်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းက ပြောသည်။

ဒါကတော့ ပြောလို့မရသေးဘူး။ ဘာလို့လဲဆိုတော့ ကိုဗစ်ကလည်း ဒီလောက်စိတ်ချရတဲ့အခြေနေမှာ မရှိသေးတဲ့အခါလေ။ ဒီမှာတော့ ကာကွယ်ဆေးတွေတော့ ထိုးနေကြတယ်။ တခြား တိုင်းနဲ့ပြည်နယ်တွေနဲ့ နှိုင်းရင်တော့ ရခိုင်မှာ ကိုဗစ်က နည်းနေပြီ။ ဒါပေမဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေး ဗဟိုကော်မတီရဲ့ သဘောထားလည်း လိုသေးတယ်လေ။ သူတို့ရဲ့ ညွှန်ကြားချက်နဲ့ပဲ လုပ်ရမှာ။ကျွန်တော်တို့ မလုပ်ရတာကြာပြီ၊ လုပ်ပေး၇မယ်လို့ ပြောဖို့တော့ ခက်တယ်ပေါ့။

၂၀၂၁ ခုနှစ် ဧပြီလတွင် ကျရောက်မည့်သင်္ကြန်တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပရေးနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနမှဆက်သွယ်မေးမြန်းစဉ် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းကထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရိုးရာ သင်္ကြန်ပွဲတော်ကို၂၀၁၉နှင့် ၂၀၂၀ ခုနှစ်များတွင် တိုက်ပွဲများနှင့် ကိုဗစ်ကြောင့် မကျင်းပနိုင်ခဲ့ကြောင်းသိရှိ၇သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ်ကလည်း သင်္ကြန်ပွဲကို မကျင်းပနိုင်ခဲ့သဖြင့်  ရခိုင်ပြည်နယ်၌ သင်္ကြန်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲရလျှင်လူအများလည်း ပျော်ရွှင်ကြမည်ဖြစ်ကြောင်းကို စစ်တွေမြို့ ဒေသခံ မမြမြဝင်းက ပြောသည်။

ဒါက ရိုးရာအစဉ်လာ လုပ်နေတာပေါ့။ ဒါကိုဖြစ်မြောက်ရင် လူတိုင်းလည်း ပျော်ကြမှာပါ။ သင်္ကြန်ဆိုတာက အခါကြီးနေ့ကြီးတစ်ရက်မှာကျရောက်တာလေ။ ဒါကို ဆင်နွှဲရင် ကောင်းပါတယ်။ သင်္ကြန်ကို ဆင်နွှဲရရင်တော့ သိပ်ပျော်ကြမယ်။မဆင်နွှဲ၇တာလည်း ၁နှစ်၊ ၂ နှစ်ရှိပြီပေါ့။ ဒါကြောင့် ပျော်ရွှင်စွာ ဆင်နွှဲရရင်ကောင်းမယ်ဆိုပြီးတော့တခြားလူတွေလည်း ပြောကြတယ် ဟု သူမက ပြောသည်။

 သင်္ကြန်ချိန်နီးလာပြီ ဖြစ်သဖြင့်ရခိုင်ပြည်နယ်အနှံ့အပြားတွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကျင်းပရေးနှင့် ပတ်သက်ပြီးစိတ်ဝင်စားမှုမြင့်တက်နေကြောင်း သိရှိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.