Preview

လူမှုရေးဆောင်ရွက်နေသည့် ရွှေရောင်မေတ္တာဖောင်ဒေရှင်းတွင် ဘဏ္ဍာရေးအခက်အခဲကြုံတွေ့နေရ၍ စေတနာရှင်များကိုဖိတ်ခေါ်

မတ် ၁၁/ ၂၀၂၁ | ကြည့်ရှုသူ :9279
ရခိုင် သတင်း

ဇော်ဝင်းဋ္ဌေး( ငခူချောင်း)

နိရဉ္စရာ၊ မတ်လ ၁၁ / ၂၀၂၁

 

ရခိုင်ပြည်နယ်တွင် လူမှုရေးလုပ်ငန်းများအားကူညီဆောင်ရွက်ပေးနေသည့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း အနေဖြင့် လက်ရှိတွင် ငွေရေးကြေးရေးအခက်အခဲများနှင့်ကြုံတွေ့နေရသည့်အတွက် စေတနာရှင်များအား လစဉ်ကြေးများ ထည့်ဝင်နိုင်ရန် ဖိတ်ခေါ်ထားကြောင်းသတင်းရရှိသည်။

 

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊မင်းပြားစသည့် မြို့နယ်များအပါအဝင် အခြားနယ်ဝေးများမှ ဆေးရုံဆင်းလူနာများအား ပို့ဆောင်ပေးရခြင်း၊သာရေး/နာရေးကိစ္စများအား ကူညီဆောင်ရွက်ခြင်း စသည့် ကူညီဆောင်ရွက်ပေးရာတို့၌ စက်သုံဆီဈေးများမြင့်တက်လာမှုကြောင့်လက်ရှိတွင် ငွေရေး၊ ကြေးရေးအခက်အခဲများ ကြုံတွေ့နေရသည်ဟု ရွှေရောင်မေတ္တာဖောင်ဒေရှင်းဥက္ကဋ္ဌ ဦးမင်းထည်ဝါက နိရဉ္စရာသို့ ပြောသည်။

 

ကျွန်တော်တို့ကူညီနေတာက အခမဲ့လမ်းကြောင်း၊ အခမဲ့ကူညီမှုတွေဘဲရှိတယ်။တစ်လမှာ လမ်းကြောင်းပေါင်းများစွာကို ကူညီပို့ပေးနေရတဲ့အတွက် ဆီ(ရ) ပီပါ ကုန်ကျတယ်။ငွေကြေးအားဖြင့် တစ်လကို ရ သိန်းလောက်ကုန်ကျတယ်။ ခုတော့ တစ်လကို ဆယ်သိန်းကျော်လောက်ကုန်ကျတော့ ငွေရေးကြေးရေး အခက်အခဲဖြစ်လာတယ်။ လမ်းကြောင်းတွေက ခရီးဝေးတွေပါတော့ လိုက်ပို့တဲ့အခါအခမဲ့ဖြစ်တဲ့အတွက် အသင်းငွေက ကျခံရတယ်။ ဒါကြောင့် စေတနာရှင်တွေကို လစဉ်ကြေးထည့်ဝင်ဖို့နှိုးဆော်တာပါ ဟုပြောသည်။

 

လစဉ်ကြေးကတော့ တတ်နိုင်သလောက် လှူဒါန်းနိုင်ပြီးလစဉ်ကြေးအားလည်း မိမိအသင်းမှ လိုက်လံ ကောက်ခံပေးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

 

ရွှေရောင်မေတ္တာဖောင်ဒေရှင်းကို ၂၀၁၉စက်တင်ဘာလလောက်က စစ်တွေမြို့တွင်  စတင်ဖွဲ့စည်းခဲ့ပြီးအသင်းဝင်စုစုပေါင်း ၃၀၀ ခန့်ရှိပြီး လက်ရှိတွင် ပါဝင်လှုပ်ရှားနေသူ ၅၀ ဦးခန့်  ရှိကြောင်း သူက ဆက်ပြောသည်။

 

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းသည် သာရေး၊နာရေး ကိစ္စတွေအပြင် သဘာ၀ဘေးအန္တာရာယ်နှင့် ကြုံတွေ့သောအခါတွင်လည်း သယ်ယူပို့ဆောင်ရေးကိစ္စများအပါအဝင်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသည်ဟု သိ၇သည်။

 

အသင်းဝင်ဖို့လည်း ကမ်းလှမ်းလာတာတွေတော့ ရှိပါတယ်။ အမြဲတမ်းရုံးမှာနေပြီးတော့ကူညီပေးနေကြသူတွေလည်း ရှိတယ်။ လောလောဆယ်ကတော့ အသင်းမှာ ကားခြောက်စီးရှိတယ်။ တစ်ချို့ရက်တွေဆိုရင်လူနာတင်ကား ၆ စီးနဲ့ မအားတာတွေတောင်မှ ရှိတယ် ဟုပြောသည်။

 

လက်ရှိတွင် အခြားအဖွဲ့အစည်းများနှင့်လည်းပူးပေါင်းချိတ်ဆက်နေကြောင်း သူကဆက်ပြောသည်။

 

မြ၀တီအသင်း၊ မှုဆယ်အသင်း၊လားရှိုးအသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ချိတ်ဆက်ထားပါတယ်။ အသင်းဝင်မည့်သူတွေကိုလည်း ရွှေရောင်မေတ္တာဖောင်ဒေရှင်းအနေဖြင့် ကြိုဆိုနေပါတယ်။ခွင့်ပြုထားပါတယ် ဟုပြောသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.