ချစ်အိလှိုင်
နိရဉ္စရာ၊ မတ် ၁၅/ ၂၀၂၁
ရခိုင်တွင် ဘဏ်များမှ ငွေထုတ်ငွဲလွှဲအဆင်မပြေသဖြင့်ကုမ္ပဏီဝန်ထမ်းတချို့နှင့် အလုပ်သမားများ လစာမရ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။
တပ်မတော်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ၁ ရက်နေ့နောက်ပိုင်းတွင် ရခိုင်တွင် ဘဏ်များ ရက်အနည်းငယ်ပိတ်ခဲ့ပြီး ပြန်ဖွင့်လာသော်လည်းငွေထုတ်၊ ငွေလွှဲအဆင်မပြေသည့်အတွက် လစာများမရရှိကြကြောင်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှဖုန်းကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသူ အရောင်းစာရေး အမျိုးသမီးငယ်တစ်ဦးကပြောသည်။
“ ဖေဖော်ဝါရီလအတွက် လစာအခုထိလည်း မရသေးပါဘူး။ လစာက တစ်သိန်းကျော်ရတာပါ။ နယ်ကလာပြီးအလုပ်လုပ်ရတာဆိုတော့ လစာမရရင် အဆောင်စရိတ်၊ ထမင်းစရိတ်မရှိတော့ပါဘူး။အရင်လတွေကဆို ဘဏ်(ATM)ကဒ်ထဲကို ထည့်ပေးတာပါ။ အခုဘဏ်ကငွေထုတ်လို့မရတော့ လစာလည်းမရဘူးပေါ့။မိသားစုစားဝတ်နေရေးရပ်တည်ဖို့ ခက်ခဲလာမှာစိုးရိမ်ပါတယ်” ဟုပြောသည်။
၄င်းအပြင် တချို့ကုမ္ပဏီများတွင် လစာလျော့လိုက်သည့်အတွက်အခက်အခဲများရှိကြောင်း သိ၇သည်။
လျှပ်စစ်ပစ္စည်းများနှင့် ဖုန်းအရောင်းအဝယ်များလုပ်သည့်(TECNO) ကုမ္ပဏီဝန်ထမ်း ကိုအောင်ဟိန်းစိုးက “လစာကတော့ ပုံမှန်ထက်တော့နည်းသွားပါတယ်။ လျော့ပစ်တာက အချိန်ပို(OD)ကြေးတို့မ၇တော့ဘူး။ ” ဟုပြောသည်။
၄င်းတို့အနေဖြင့် အခြေခံလစာငွေ ၁၂၄၀၀၀ကျပ်နှင့် အချိန်ပိုကြေးပေါင်းလျှင် တစ်လတွင် ၂ သိန်းဝန်းကျင်ရရှိခဲ့ကြသော်လည်း ယခုအခါတွင်အခြေခံလစာဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေကြ၇ကြောင်းပြောသည်။
စစ်တွေမြို့ရှိလုပ်ငန်းရှင်တစ်ဦးဖြစ်သူဦးကျော်နိုင်ထွန်း(ခ) ကိုနီ ကလည်း ပစ္စည်းအသစ်မမှာနိုင်ခဲ့သည်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှစ၍ ယနေ့မတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းအထိဖြစ်ကြောင်းပြောသည်။
“ ကျွန်တော်တို့မှာ ဖုန်းနဲ့စက်ပစ္စည်းတွေရောင်းတယ်။ ငွေလွှဲမရတဲ့နေ့ကစပြီးပစ္စည်းအသစ်မမှာ၇တော့ဘူး။ MIအမျိုးအစားဖုန်းဆိုရင် ဈေးနည်းနည်းတတ်သွားပေါ့။ ကျွန်တော်ဆီမှာလစဉ်ပေးနဲ့ ပစ္စည်းတွေ၊ ဖုန်းတွေဝယ်တဲ့ လခစားတွေလည်း လစာမရလို့ အဆင်မပြေကြဘူးလို့ သိ၇တယ်။ငွေပို့၊ ငွေလွှဲတွေ အဆင်ပြေစေချင်တယ်” ဟုပြောသည်။
ယခုနှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ရက်နေ့ခန့်ကစတင်၍ ဘဏ်အချို့စတင်ပိတ်လိုက်ပြီးနောက်ပိုင်း မတ်လ (၅) ရက်နေ့နောက်ပိုင်းတွင် တစ်နို်င်ငံလုံးရှိဘဏ်များအမြန်ဆုံးပြန်ဖွင့်ရန် နို်င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အကြောင်းကြားခဲ့သည်။
ယင်းနောက်တွင် ဘဏ်များပြန်ဖွင့်ခဲ့သော်လည်းငွေပို့၊ ငွေလွှဲများ အဆင်မပြေသဖြင့် လုပ်ခလစာများ မရှိကြခြင်းဖြစ်ကြောင်း အလုပ်သမားများ၏ပြောပြချက်အရသိ၇သည်။