Preview

အသစ်တည်ဆောက်နေသော ရာမောင်တံတား ဧပြီလအကုန်တွင် ပြီးစီးမည်

မတ် ၂၂/ ၂၀၂၁ | ကြည့်ရှုသူ :1476
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိ၇ဉ္စရာ၊ မတ် ၂၂ / ၂၀၂၁

ရန်ကုန်- စစ်တွေအဝေးပြေးကားလမ်းပေါ်ရှိလေးမြို့မြစ်ကိုဖြတ်ထိုးတည်ဆောက်နေသည့် မင်းပြားမြို့နယ်မှ ရာမောင်တံတားသစ်ကိုလာမည့် ဧပြီလ အကုန်တွင် ပြီးစီးရန် လျာထားကြောင်း တံတားအထူးအဖွဲ့ (ရ) မှဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းခိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

တံတားအပေါ်က ကွန်ကရစ်ကြမ်းခင်းလုပ်ငန်းတော့ပြီးသွားပြီခင်ဗျ။ လူသွားလမ်း ပလပ်ဖောင်းတွေတော့ ခင်ဖို့ကျန်သေးတယ်။ ကျနော်တို့ပြီးရင်တော့ လမ်းအဖွဲ့က ကတ္တရာစေးခင်း၇အုန်းမယ်။ နောက် ချဉ်းကပ်လမ်းတွေလည်းခင်း၇အုးမယ်ဟု ၎င်းကပြောသည်။

၄င်းတံတားအား ယခုနှစ် မတ်လအကုန်တွင်ပြီးစီးရန် လျာထားသော်လည်း ဘိလပ်မြေအခက်အခဲကြောင်း ကြန့်ကြားသွားခဲ့ခြင်း ဖြစ်သည်ဟု  သူကဆက်လက်ဖြေကြားခဲ့သည်။

ပထမတုန်းက မူလလျာထားမှုကတော့ တံတားအပိုင်းကိုကျနော်တို့ မတ်လအကုန်ပြီးမယ်လို့ မှန်းထားတယ်။ အခုကတော့ ဒီလအကုန်နဲ့တော့မပြီးနိုင်ဘူး။ နောက် ကျနော်တို့ လမ်းအဖွဲ့ရှိသေးတယ်။ လမ်းအဖွဲ့တွေက တံတားပေါ်မှာကတ္တရာစေးခင်းတာရယ်။ ချည်းကပ်လမ်းတွေကို ကွန်ကရစ်ခင်းတာရယ် လုပ်ရအုန်းမယ်။ဘိလပ်မြေမရောက်တာကြောင့် နည်းနည်း ကြန့်ကြာသွားတာတွေရှိတယ်။ အဲဒီအခက်အခဲတွေကြောင့် နည်းနည်း ကျနော်တို့က ကြာသွားတာ။ ဒီလကုန်လောက်ဆိုရင်တော့ကတ္တရာစေးတွေ စခင်းနိုင်မှာပါ။ဟုပြောသည်။

၄င်းအပြင် ဧပြီလကုန်လျှင်ကားများဖြတ်သန်းသွားလာနိုင်ရန် မှန်းထားသည်ဟု သူကဆက်ပြောသည်။

တံတားမှာသံကူကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတား၏ ရေလမ်းကင်းလွတ်အမြင့်ပေ ၂၀၊ရေလမ်း ကင်းလွတ် အကျယ်ပေ ၁၈၀၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ်တစ်ဘက်လျှင် ၃ ပေ ရှိပြီး စုစုပေါင်း တံတားအကျယ် ၃၄ ပေ၊ တံတား၏ခွင့်ပြုယာဉ်အလေးချိန်မှာ တန်(၆၀)ဖြစ်သည်ဟု သိ၇သည်။

ရွှေပြည်သစ်ကား (မင်းပြားဂိတ်မှူး)ဦးမောင်ဟန်က အခုကတော့ ဇက်သဘောင်္တွေနဲ့ ကူးနေရတော့အချိန်ကြန့်ကြာမှုတွေ ရှိတာပေါ့။ ဇက်သင်္ဘောက ပျက်တာတွေရှိတယ်။အဲဒါကြောင့် စောင့်ဆိုင်း၇တာတွေ ရှိတယ်။ ဒီတံတားပြီးသွားရင်တော့ အသွားအလာတွေက ပိုပြီးတော့အဆင်ပြေမှာပါ ဟုပြောသည်။

ရာမောင်တံတားအသစ်ကို ၂၀၁၈ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ တံတား၏ ခန့်မှန်းကုန်ကျငွေမှာကျပ်သန်းပေါင်း တစ်သောင်းနှစ်သောင်း၊ တံတားအရှည်ပေမှာ ၁၂၈၄.၃ ပေ (၃၉၁.၄၄ မီတာ)ဖြစ်ကြောင်း တံတားအထူးအဖွဲ့မှ တဆင့်သိရှိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.