Preview

သံတွဲမြို့နယ်တွင် ဟိုတည်နှင့် တည်းခိုခန်း ၂၇ လုံးဖွင့်ခွင့်ရ၊ ငပလီတွင် ခရီးသွားလည်ပတ်သူ ပြန်လည်များပြားလာ

မတ် ၂၂/ ၂၀၂၁ | ကြည့်ရှုသူ :9510
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဉ္စရာ၊ မတ် ၂၂/ ၂၀၂၁

၇ခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင်ရှိသည့် ဟိုတည်နှင့် တည်းခိုခန်း ၆၅ လုံးထဲက ၂၇ လုံးမှာ ဇန်နဝါရီလမှ စတင်ကာ ပြန်ဖွင့်ခွင့် ရရှိထားပြီး ယခုရက်ပိုင်းအတွင်းတွင်ငပလီတွင် ခရီးသွားလည်ပတ်သူ ပြန်လည်များပြားလာကြောင်း ဒေသခံများက ပြောသ

ငပလီမြို့အပါအဝင် သံတွဲမြို့နယ် တစ်ခုလုံးတွင် ဟိုတည်၊ တည်းခိုခန်း ၆၅ လုံးရှိပြီး ဇန်နဝါရီလမှစတင်ကာ ၂၇ လုံးပြန်ဖွင့်ခွင့် ရရှိထားပြီဖြစ်ကြောင်း၊ ခရီးသည်များ ယခင်ကထက် လာရောက်လည်ပတ်မှုများလာကြောင်းဟိုတည်နှင့် ခရီးသွားလုပ်ငန်းမှ ဦးကျော်ဇေယျက ပြောကြားသည်။

ခရီးသွားလာရောက်လည်ပတ်သူများ ယခု မတ်လပထမအပတ်မှစ၍ ပြန်လည်များပြားလာကြောင်း ငပလီဒေသခံ ကိုဇွဲထက်မာန်က ပြောသည်။

အရင်က ကိုဗစ်ကာလတုန်းကဆိုရင် ခရီးသွားက မရှိသလောက်ပေါ့။ အခုက ရန်ကုန်ရောက်နေတဲ့ လူတွေက ၇ခိုင်ကို ပြန်လာကြတယ်။ တချို့က ရန်ကုန်ဘက်က အပန်းဖြေရင်း လည်ရင်းပတ်ရင်း လာတာတွေ့တယ်။ ပြီးရင် ၇ခိုင်မှာလည်း အခုက နည်းနည်း ပဋိပက္ခတွေ မရှိတော့ လာကြတာကို တွေ့တယ်ဟု ပြောသည်။

ယခု မတ်လ ပထမအပတ်မှစ၍ ငပလီသို့ လာရောက်လည်ပတ်သူ တစ်နေ့လျှင် ၄၀ ခန့်ရှိကြောင်း သူက ဆက်ပြောသည်။

ငပလီမြို့တွင် ယခုရက်ပိုင်းအတွင်း ခရီးသွားလာရောက်လည်ပတ်သူများ ပြန်လည်ရောက်ရှိလာ၍ ဟိုတယ်နှင့် Guest House အချို့တို့ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်းကို ငပလီမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းမှ အလုပ်အမှုဆောင် ဦးနီထွန်းအောင် က ပြောသည်။

အခုကတော့ ကိုဗစ်တုန်းက ပိတ်ထားခဲ့တဲ့ ဟိုတယ်တွေ တချို့ ပြန်ဖွင့်နေပါပြီ။ Guest House တွေလည်း ဖွင့်နေကြပြီလေ။ အဲဒီတော့ ဧည့်သည်တွေကလည်း အခု လာနေကြပြီ။ ကားနဲ့လာကြတယ်။ လေယာဉ်နဲ့ လာကြတယ်။ ဒါပေမဲ့ အရင်ကိုဗစ်နဲ့ မပိတ်ခင်တုန်းကလောက်တော့ မများသေးဘူးပေါ့။ အခုနောက်ပိုင်း ဧည့်သည်တွေပြန်ဝင်လာတယ်ပေါ့ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း လာရောက်လည်ပတ်သည့် ခရီးသွားများမှာ ပြည်မဘက်မှ လာရောက် လည်ပတ်သူများ အပါအဝင် ပြည်တွင်းနေထိုင်လျှက်ရှိသည့် နိုင်ငံခြားသားများနှင့် ၇ခိုင်ပြည်နယ်အတွင်းမှ ခရီးသွားများ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် ခရီးသွားများ ပြန်လည်ကာ လာရောက်လည်ပတ်မှုများရှိနေသောကြောင့် ဟိုတယ်နှင့် တည်းခိုခန်းများ ပုံမှန်လည်ပတ်နိုင်ခြင်း ရှိ/ မရှိကို သိလို၍ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှ တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင်က ငပလီမြို့သို့ လာရောက်လည်ပတ်သူများ စည်ကားခဲ့ပြီး နေ့စဉ် လူပေါင်း ရာနှင့်ချီရောက်ရှိကြောင်း ဒေသခံများ ပြောကြားသည်။

#ခရီးသွားလုပ်ငန်း/ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.