ချစ်အိလှိုင်
နိ၇ဉ္စရာ၊ မတ် ၂၃/ ၂၀၂၁
လာမည့် ၂၀၂၁ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၆) ကြိမ်မြောက်တပ်မတော်နေ့အခမ်းအနားကို ၇ခိုင်အမျိုးသားပါတီ (ANP) မှဖိတ်ကြားခြင်းခံရသော်လည်း တက်ရောက်ရန် အစီစဉ်မရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကပြောသည်။
“နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ကနေတဆင့်ဖိတ်တာပါ။ ဖိတ်ထားတာတော့ရှိတယ်။ တက်မယ်ဆိုရင်စာရင်းပေးလို့ပါတယ်။ပါတီက လာတက်ပါမယ်ဆိုပြီး စာရင်းပေးထားတာ မရှိဘူး။ အရင်နှစ်တွေက ဖိတ်ကြားရင်တက်ဖြစ်ပါတယ်”ဟု သူကပြောသည်။
ယခုနှစ်တွင် ၄င်းတို့ပါတီအနေဖြင့် တက်ရောက်ရန် အစီစဉ်မရှိသလိုစာရင်းပေးထားခြင်းလည်း မရှိကြောင်း၊ အဓိက လက်ရှိနိုင်ငံရေးအခြေအနေနှင့်လမ်းခရီးအခြေအနေကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( ALD)ကိုမတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်အထိ ဖိတ်ကြားလာခြင်း မရှိသေးကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးလှမြင့်က ပြောသည်။
“ ဒီနေ့ထိဖိတ်ကြားတာကိုလည်းမတွေ့သေးဘူး။ စာမရသေးဘူး။ ဖိတ်ကြားလာရင် CEC ထိပ်ပိုင်းခေါင်းဆောင်တွေ အစည်းအဝေး ထိုင်ပြီးမှ ဆုံးဖြတ်၇မှာပေါ့” ဟုပြောသည်။
၄င်းအပြင် ၇ခိုင်ဦးဆောင်ပါတီ(AFP) မှပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးကလည်း ၄င်းတို့ပါတီအား ဖိတ်ကြားထားခြင်းရှိမရှိကိုသိရှိခြင်းမရှိသေးကြောင်းပြောကြားသည်။
၄င်းအခမ်းအနားကို နေပြည်တော်ရှိ တပ်မတော်နေ့စစ်ရေးပြကွင်းတွင်ကျင်းပသွားရန် အစီစဉ်ရှိကြောင်း သိ၇သည်။