Preview

တပေါင်းလပြည့် သဲပုံစေတီပွဲ (ခေါ်) သျှစ်သောင်းမြှောက်ပွဲကို စစ်တွေကမ်းခြေတွင်အလွတ်သဘောကျင်းပမည်

မတ် ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :1999
ရခိုင် သတင်း

ဆောင်းဇာခြည်

နိ၇ဉ္စရာ၊ မတ် ၂၃/ ၂၀၂၁

လာမည့် စနေနေ့တွင် ကျရောက်သည့် တပေါင်းလပြည့် သဲပုံစေတီပွဲ(ခေါ်) သျှစ်သောင်းမြှောက်ပွဲကို စစ်တွေကမ်းခြေတွင် အလွတ်သဘော ကျင်းပသွားမည်ဖြစ်ကြောင်းစစ်တွေအခြေစိုက် သာကီမဏ္ဍိုင် အဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က ပြောသည်။

ဒီနှစ်မှာတော့ကျွန်တော်တို့ သာကီမဏ္ဍိုင်အဖွဲ့က ဦးဆောင်ပြီးတော့ မလုပ်တော့ပါဘူး။ ဒါပေမဲ့  ကျွန်တော်တို့က အဲဒီနေ့ကိုရောက်ရင် ကမ်းခြေကိုသွားပြီးတော့သဲပုံစေတီတွေ သွားလုပ်ပါမယ်။ အလွတ်သဘောပဲ သွားလုပ်မှာပါ။ ကျွန်တော်တို့က ဦးဆောင်ပြီးတော့ခါတိုင်းနှစ်တွေကလို တပေါင်းပွဲလိုမျိုးတော့ မလုပ်တော့ဘူးပေါ့။ တခြား မြို့သူ/သားတွေကတော့သူတို့လာလုပ်ချင်ရင် လုပ်ကြလိမ့်မယ်ဟု ပြောသည်။

အဆိုပါ သဲပုံစေတီပွဲ (ခေါ်) သျှစ်သောင်းမြှောက်ပွဲကို နှစ်စဉ်နှစ်တိုင်းတပေါင်းလပြည့်နေ့တွင် စစ်တွေကမ်းခြေ၌ ပြုလုပ်လေ့ရှိသည်။

သို့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအခြေနေတို့ကြောင့်ပွဲအဖြစ်ပြုလုပ်ကာ စည်စည်ကားကား ကျင်းပသွားမည် မဟုတ်ကြောင်း သူက ဆက်ပြောသည်။

အခုခေတ်စနစ်အခြေနေတွေကိုကြည့်ပြီးတော့ လူစုလူဝေးနဲ့ အဲလိုပုံစံမျိုး မလုပ်တော့တာပါ။ ကိုဗစ်ကလည်းလုံး၀ ရပ်တန့်သွားပြီလို့ ကြေညာထားတာမှ မဟုတ်တာလေ။ ကျွန်တော်တို့လည်း အဲဒါကြောင့် အလွတ်သဘောမျိုးပဲသွားတောမှာပေါ့။တံခွန်တွေ၊ ကုက္ကားတွေကို ယူပြီး အဲဒီနေ့ကို ရောက်ရင် သွားမှာပါ။ဟု ပြောသည်။

ယင်းပွဲကို စစ်တွေကမ်းခြေတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သော်လည်းရခိုင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်မှုမရှိသည့် စည်ကားမှုမရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်က စစ်တွေကမ်းခြေတွင်ကျင်းပခဲ့စဉ် လူပေါင်း ထောင်နှင့်ချီ ပါဝင်ကာ စည်ကားစွာ ဆင်နွှဲခဲ့ကြသည်။

တပေါင်းလပြည့် သဲပုံပွဲတော်တွင်မြောက်ဦးရှိ ဘုရားပုထိုးစေတီများ၏ ပုံစံများ၊ ပုဏ္ဏားကျွန်းမြို့ရှိ ဂူ၀ပုံစံ၊ ပေါက်တောမြို့နယ်ရှိဆံတော်ရှင်စေတီပုံစံများကို သဲများဖြင့် ပုံဖော်ဖန်တီးကာ ပြုလုပ် ပူဇော်လေ့ရှိကြသည်။

သဲပုံစေတီပွဲကို စစ်တွေကမ်းခြေ၌ ပြုလုပ်ကျင်းပသည့်အပြင် သံတွဲမြို့နယ်ရှိငပလီကမ်းခြေများတွင်လည်း နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်ကိုဗစ်ကြောင့် ကျင်းပ ပြုလုပ်မည်မဟုတ်ကြောင်း သိရှိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.