သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ် ဒိုးတန်းကုန်းကျေးရွာတွင် သောက်သုံးရေရှားပါးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.5k

အောင်လင်းထွန်း

နိရဉ္စရာ၊ မတ်လ ၂၅/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ င/ပုန်ကုန်ကျေးရွာအုပ်စု၊ ဒိုးတန်းကုန်းကျေးရွာတွင် ရေတွင်းများ  ခမ်းခြောက်နေသဖြင့် သောက်သုံးရေရှားပါးကာ အခက်အခဲကြုံနေကြောင်း ကျေးရွာသားများက ပြောသည်။

 

အဆိုပါကျေးရွာတွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်အချိန်မှ စတင်၍ ရေတွင်းများတွင် တဖြည်းဖြည်း ရေခမ်းခြောက်လာနေပြီး လက်ရှိအချိန်တွင် ရေတွင်းတစ်ခုတွင်သာ ရေကျန်ရှိနေသဖြင့် တစ်ရွာလုံး  အဆိုပါ ရေတွင်းကိုအားကိုးနေကြရသည်ဟု ဒိုးတန်းကုန်းကျေးရွာမှ မဇင်မိုးသက်က ပြောဆိုသည်။

 

 ကျွန်မတော့ရွာမှာ ရေအခက်အခဲဖြစ်နေတာကြာပြီ။ နှစ်စဉ်နှစ်တိုင်းလဲဖြစ်တယ်။ ရွာမှာက အိမ်ခြေ ၆၀ ကျော်ရှိတယ်။ ရေတွင်းက ဒီရေတွင်းတစ်ခုတည်းမှာဘဲ တစ်ရွာလုံးနီးပါး လာခပ်နေရတယ်။ အခုဆိုရင် ရေတစ်ရက်သုံးဖို့ အတွက်ကို မနက်ဆိုရင် ၃နာရီက ထပြီးတွင်းက ရေစစ်ပြီး ရေခပ်ရတယ်။ ညဖက်ဆိုရင်လည်း ည ၁၁ နာရီ ၁၂ နာရီအထိ အချိန်ပေးနေရတယ်ဟု ပြောသည်။

 

ရေရှားပါးလာမှုကြောင့် ဒေသခံများမှ သောက်ရေ သုံးရေ ရရှိရေးကိုသာ ဦးစားပေးလုပ်ဆောင်နေရ သောကြောင့် မိသားစုစားဝတ်နေရေး အလုပ်အခက်အခဲရှိလာကြောင်း သူမက ပြောဆိုသည်။

 

အဆိုပါကျေးရွာတွင် သုံးရေ၊ သောက်ရေ ရှားပါးလာခြင်းမှာ ၄/ ၅ လ ခန့်ကြာမြင့်လာပြီ အပူပိုင်း နွေရာသီအချိန်တွင် ရေခမ်းခြောက်လာခြင်းမှာ ပို၍ဆိုးရွားလာနိုင်ကြောင်းသိရသည်။

 

အခုရေခမ်းလာတာကပိုပြီးတို့ဆိုးလာတယ်။ ရေတစ်ရက်စာရဖို့အတွက် နေ့ညမအိပ်ဘဲနဲ့ သူများထက် ဦးအောင်လိုက်ပြီးတော့ ရေခပ်နေရတယ်။ ညဖက်မှာ ရေတစ်ရက်သုံးဖို့ အတွက်မရလိုက်ဘူးဆိုရင် မနက် ၃ နာရီလောက်က သူများထက်အရင်ထပြီးတော့ခပ်ရနေရတယ်ဟု သူမက ဆက်လက်ပြောဆိုသည်။

 

မာန်အောင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိ အရာရှိ တစ်ဦးက ရေရှားတာကတော့ဟုတ်မယ်။ ဒီရွာမှာက ကော်မတီနဲ့ ဆောင်ရွက်တဲ့ အပိုင်းမှာ အားနည်းတယ်။ လူတိုင်းက သူတို့ အိမ်အနီးမှာဘဲ တူးချင်ကြတယ်။ ရေရတဲ့နေရာမှာ တူးမယ်ဆိုရင် တချို့က ဘာလိုလို လုပ်တာတွေရှိတယ်။ ရွာဦး ရေကန်က နွံနစ်တွေကို  ဒီနှစ် မိုးမကျမီ ဖယ်ရှားဖို့ ရှိပါတယ်။ ကန်ကိုလည်း ဆည်ဖို့အတွက်ရှိတယ်။ အနက်တူးမယ်။ ကန်တူးဖော်အတွပ် မင်းစောမွန်ကုမ္ပဏီက တင်ဒါကျထားပါတယ်ဟုပြောသည်။

 

အဆိုပါ ကျေးရွာတွင် ရေလုံလောက်စွာရရှိရေးအတွက် နှစ်စဉ်ရေရှားပါးမှုနှင့် မကြုံတွေရအောင် အစိုးရဌာနဆိုရာမှသော်လည်းကောင်း၊ စေတနာရှင် အလှူရှင်များလိုအပ်လာပြီး အကူအညီပေးဖို့ အပ်နေသည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ