Preview

စစ်တွေတွင် ရှင်အပါး (၁၂၀)ကျော်အား ရှင်ပြုရဟန်းခံ

ဧပြီ ၀၁/ ၂၀၂၁ | ကြည့်ရှုသူ :2021
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် ၃၁ /၂၀၂၁

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရှင်အပါး (၁၂၀)ကျော်အား မေတ္တာအာရီယာန်ဖောင်ဒေးရှင်းနှင့် (ရ)ရက်သားသမီးများက ရှင်ပြုပေးနေကြောင်း သိ၇သည်။

ယနေ့ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် စစ်တွေ၌ ရှင်လောင်းလှည့်လည်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့နံနက်တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်၌ ရှင်ပြုရဟန်းခံပေးသွားမည်ဟု မေတ္တာအာရီယာန်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဦးတင်ငြိမ်းဦးက နိရဥ္စရာကို ပြောသည်။

“ဒီရှင်အပါး (၁၂၀)ကျော်မှာ စစ်ဘေးရှောင်စခန်းတွေကလည်း ပါပါတယ်။ နောက်ပြီးတော့ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ဆင်းရဲနွမ်းပါးလို့ ရှင်မပြုရသေးတဲ့ ကလေးတွေလည်း ပါပါတယ်။ ပြီးတော့ ရာသက်ပန် ၇ဟန်းဘ၀နဲ့ နေသွားမယ့်သူတွေလည်း ပါပါတယ်။ မယ်သီလရှင်တွေလည်း ပါပါတယ်။”ဟု ပြောသည်။

အဆိုပါပွဲကို မေတ္တာအာရီယာန်ဖောင်ဒေးရှင်းက ဦးဆောင်ကာ (ရ)ရက်သားသမီးတို့က ရှင်းတစ်ပါးလျှင် ကျပ် (၄)သောင်းစီထည့်ဝင်ငွေများဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါပွဲကို ဘ၀နတ်ထံပျံလွန်တော်မူပြီးသော ကျေးဇူးတော်ရှင် ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္တ မထေရ်မြတ်ကြီးအား ရည်စူး၍ ပြုလုပ်ခြင်းလည်း ဖြစ်သည်။  

အဆိုပါပွဲကို ပြီးခဲ့သည့်နှစ် မတ်လအတွင်းက ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့မှုကြောင့် ပွဲအစီအစဉ်အား ရွှေ့ဆိုင်းခဲ့၇သည်။


#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.