English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၀၆ရက်၊ ၂၀၂၅
လှူရန်
Preview
ပလက်၀မြို့မှ AA နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ နှစ်ဦးလွတ်မြောက်
ဧပြီ ၀၁/ ၂၀၂၁ | ကြည့်ရှုသူ :8905
ရခိုင် သတင်း
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဧပြီ ၁/ ၂၀၂၁
ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့မှ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံထားရသူ နှစ်ဦး ယနေ့ နေ့လယ်က လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
လွတ်မြောက်လာသူ နှစ်ဦးမှာ ပလက်၀မြို့၊ မြို့မရပ်ကွက်မှ မောင်စိုးကျော်လင်း (၁၇ နှစ်) နှင့် သူ၏ ယောက်ဖ တော်စပ်သူ ကိုထွန်းလင်းကျော် (၂၉ နှစ်) တို့ဖြစ်သည်။
၄င်းတို့နှစ်ဦးကို ပြစ်မှုထင်ရှားခြင်းမရှိ၍ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း မောင်စိုးကျော်လင်း၏ မိခင် ဒေါ်မကျော့နုက ပြောသည်။
“သူတို့ အခုပဲ ပြန်လွတ်ပါပြီ။ ကျန်းကျန်းမာမာပြန်လွတ်ပါတယ်။ အပြစ်မရှိလို့ ပြန်လွတ်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခု ကျွန်မတို့ ရဲစခန်းမှာပဲ ရှိသေးတယ်။ ဖုန်းအကြာကြီး ပြောလို့ အဆင်မပြေသေးဘူး” ဟု ပြောသည်။
၄င်းတို့နှစ်ဦးမှာ ယနေ့ ဧပြီလ ၁ ရက်နေ့ ၁၈ ကြိမ်မြောက်ရုံးချိန်းတွင် လွတ်မြောက်လာခြင်းဖြစ်ကြောင်း ပလက်၀မြို့မှ လူမှုရေးလှုပ်ရှားနေသူ ကိုတင်ထွန်းအောင်က ပြောသည်။
“လွတ်ပါပြီ။ အပြီးလွတ်တာပေါ့နော်။ ဒီနေ့ သူတို့ ၁၈ ကြိမ်မြောက် ရုံးချိန်းပေါ့။ ဒီနေ့မှာပဲ ပြန်လွတ်တာပါ။ သူတို့ကို အေအေ သံသယနဲ့ ဖမ်းခဲ့တာပေါ့” ဟု ပြောသည်။
၄င်းတို့ နှစ်ဦးအား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပလက်၀မြို့အခြေစိုက် (၂၈၉) တပ်ရင်းက အေအေအဖွဲ့ဝင် ဖြစ်သည်ဟု စွပ်စွဲချက်မြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပလက်၀မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေခဲ့ရခြင်းဖြစ်ကြောင်း သိ၇သည်။
#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.