အောင်လင်းထွန်း
နိ၇ဉ္စရာ ဧပြီ ၄/၂၀၂၁
၂၀၁၂-၂၀၁၉ခုနှစ်အတွင်း ၇ခိုင်ပဋိပက္ခများ၌သေဆုံးခဲ့၇သူများအထဲမှ လူ၉ ဦး၏ ကျန်ရစ်သူမိသားစုများကို၇ခိုင်မျိုးစောင့် အဖွဲ့( ARG )က ၇ခိုင့်ဂုဏ်ဆောင်မိသားစု အဖြစ်သတ်မှတ်ပြီး ကရုဏာစာနာမှု ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
ယနေ့နံနက် ၈ နာရီက စစ်တွေမြို့ရှိ ၇ခိုင်မျိုးစောင့် အဖွဲ့( ARG) ရုံးခန်းမတွင်အခမ်းအနားပြုလုပ်ပြီး ကျန်ရစ်သူ မိသားစု ၉ စုကို ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
၇ခိုင့်ဂုဏ်ဆောင်မိသားစုအဖြစ်သတ်မှတ်ပြီး ကရုဏာစာနာမှု ဂုဏ်ပြု မှတ်တမ်း ပေးအပ်ခံခဲ့၇သူမိသားစုများမှာ၂၀၁၂ ခုနှစ် ပဋိပက္ခအတွင်းမှာ သေဆုံးခဲ့သူနှစ်ဦးဖြစ်သည့် ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ ဦးသံဒါအောင်နှင့် သားဖြစ်သူ ကိုထွန်းထွန်း၊ ဘူးသီးတောင်မြို့နယ် စည်တောင် ကျေးရွာမှ သေဆုံးခဲ့သူဦးမောင်အေးထွန်း၊ ဒေါ်သန်းညွှန့်၊ ကိုမြတ်ဆွေသိန်း၊ ကိုအောင်သန်းဌေးနှင့် ပုဏ္ဏားကျွန်း မြို့နယ် ကျောက်ဆိပ် ကျေးရွာမှ ကိုမောင်မောင်ချေ၊ကိုလူလှချေ၊ မောင်ဌေးဝင်းတို့၏ မိသားစုဝင်များဖြစ်သည်။
၇ခိုင်မျိုးစောင့်အဖွဲ့(ARG)ဥက္ကဋ္ဌ ဦဘအေးက " သေဆုံးသွားခဲ့တဲ့ဦးသံဒါအောင်တို့သားအဖနှစ်ဦးရဲ့ကျန်ရစ်တဲ့ မိသားစုအတွက်ကျပ်ဆယ်သိန်းအပြင်Arakan Golden Family ဆိုပြီး ၇ခိုင်အမျိုးသား အတွက် အသက်ပေးသွားသူတွေဆိုပြီးလက်မှတ် ပေးတယ်။ပြီးတော့ ဘူးသီတောင်စည်တောင်က တစ်မိသားစုလုံးဗုံးခိုကျင်းထဲမှာ သေခဲ့ရသူ တွေနဲ့ ကျောက်ဆိပ်မှာလက်နက်ကြီး ကျလို့ သေခဲ့ ရသူတွေကို ရခိုင့်ကရုဏာစာနာမှုလက်မှတ်ပေါ့" ဟုပြောသည်။
ဦးသံဒါအောင်နှင့်သားဖြစ်သူအတွက်ငွေကျပ် ၁၀ သိန်းအပြင်၇ခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း သေဆုံးခဲ့၇သည့်အပြစ်မဲ့ ပြည်သူ ခုနှစ်ဦးအတွက် တစ်ဦးလျှင် ကျပ်သုံးသိန်းစီမိသားစုဝင်များအားထောက်ပံ့ပေးခဲ့ကြောင်း ဆက်ပြောသည်။
" ဦးလေးတို့က အခုငွေထောက်ပံ့ပေမယ့်တစ်သက်လုံးတွက်လစဉ်ထောက်ပံ့ပေးသွားမှာမျိုး မဟုတ်ဘူး။ ဆေးကုသစရိတ်နဲ့ သူတို့အတွက် အရေးတကြီးလိုအပ်တဲ့အကူအညီတွေကိုပေးမှာပါ။ ဒီလက်မှတ်ကိုပြပြီး တစ်စုံတစ်ရာ အခက်အခဲကြုံလာရင် ဒီမိသားစုတွေက ဦးလေးတို့ဆီလာပြီးအကူအညီတောင်းခံနိုင်တယ်။ ARG ကနောက်ပိုင်းမှာ လုပ်မယ့် တည်းခိုခန်း၊ဟိုတယ်လုပ်ငန်းတွေ ရှိလာဖို့ရှိမယ်။အဲဒီနေရာတွေမှာ ဒီလက်မှတ်ကိုပြရင် အခမဲ့ တည်းခိုခွင့်ရှိမယ်။ ARGနဲ့ ပတ်သက်တာတွေမှာ အခမဲ့ သုံးစွဲခွင့်ပြုမယ်ပေါ့"ဟုပြောသည်။
ကျောက်ဆိပ်ကျေးရွာတွင်မိသားစုတစ်ခုလုံးမှသား ၃ ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့သည့် ကိုမောင်မောင်ချေတို့၏ ဖခင် ဦးသန်းနိုင်က"ကျွန်တော်တို့ကိုအစိုး၇ဘက်ကထောက်ပံ့မှု တစ်စုံတစ်ရာ မရှိခဲ့ဘူး။ ကျေးရွာဥက္ကဋ္ဌက တစ်ခါပေးတာတော့ရှိတယ်။လူမှုအဖွဲ့အစည်းတွေကဘဲထောက်ပံ့ပေးတာရှိတယ်။ ခုလို ချီးမြှင့်တဲ့အတွက် သိပ်ကျေးဇူးတင်ပါတယ်" ဟုပြောသည်။
"ရခိုင်တစ်မျိုးသားလုံးအတွက် ကာကွယ်ခုခံရင်းနဲ့ ကျရှုံးသွားတဲ့ ကျန်ရစ်တဲ့မိသားစုကိုဂုဏ်ပြုတယ်၊ အထောက်အပံ့ပြုတဲ့အစီအစဉ်ဖြစ်တယ်။ စစ်ဘေးဒဏ်ကြောင့်ဖြစ်ဖြစ် သေဆုံးသွားတဲ့သူတွေကိုဂရုဏာ စာနာမှုပြု လက်မှတ်ချီးမြှင့်တယ်။ ဦးသံဒါအောင်နဲ့သားဖြစ်သူကိုထွန်းထွန်းတို့ဟာလွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ၇ခိုင်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခအတွင်းကူတောင်ကျေးရွာက ကျဆုံးသွားခဲ့ကြတဲ့၁၁ ဦးအထဲက ဖြစ်ပါတယ်” ဟု ဦးဘအေးက ပြောသည်။
၄င်းအပြင်ဦးမောင်အေးထွန်း၊ ဒေါ်သန်းညွန့်၊ ကိုမြတ်ဆွေသိန်းနှင့် ကိုအောင်သန်းဌေးတို့မှာ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှ လွန်ခဲ့သည့်၂၀၁၉ ခုနှစ် မတ်လအတွင်းက ဗုန်းခိုကျင်းတွင် ပုန်းအောင်းနေရာမှ တပ်မတော်၏သေနတ်ကျည်ထိမှန်၍ သေဆုံးခဲ့၇သူများဖြစ်ကြောင်း၄င်းတို့၏ မိသားစုဝင်များ၏ ပြောသည်။
နောက်ထပ်ဂုဏ်ပြုလက်မှတ်ရရှိသည့်ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ ကိုမောင်မောင်ချေ၊ ကိုလူလှချေ၊ မောင်ဌေးဝင်းတို့မှာ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း ၄င်းတို့ကျေးရွာ အတွင်း လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲရာတွင်သေဆုံးခဲ့ရသူများဖြစ်ကြောင်း ဦးဘအေး၏ ပြောပြချက်အရ သိ၇သည်။
ယနေ့နံနက်က ပြုလုပ်သည့် အခမ်းအနားသို့ ဆရာကြီးမောင်ဗသိန်း၊ဒေါက်တာအေးမောင်၊ ဦးဝေစိန်အောင်၊ ဦးသာပွင့်၊ ဦးဖိုးကျော်သန်း၊ ဦးကျော်မောင်၊ ကိုဝေဟင်အောင်အပါအဝင်လူပေါင်း ၇၀ ခန့်တက်ရောက်ခဲ့သည်ဟုသိ၇သည်။