Preview

သင်္ကြန်အတွင်း ရခိုင်တွင်ရေကြောင်းလိုင်းများရပ်နားမည်ဖြစ်သော်လည်း ရန်ကုန်နှင့်ပျံသန်းသည့် လေကြောင်းလိုင်းများဆက်လက်ပြေးဆွဲမည်

ဧပြီ ၀၆/ ၂၀၂၁ | ကြည့်ရှုသူ :5882
ရခိုင် သတင်း

ချစ်အိလှိုင်

နိ၇ဉ္စရာ၊ ဧပြီ ၆/ ၂၀၂၁

၇ခိုင်တွင်သင်္ကြန်ကာလအတွင်း ပုဂ္ဂလိကနှင့်ပြည်တွင်း ရေကြောင်းလိုင်းများ အားလုံး ရပ်နားမည်ဖြစ်သော်လည်းရန်ကုန်နှင့် ပျံသန်းနေသော လေကြောင်းလိုင်းများမှာ ရပ်နားမည်မဟုတ်ဟု သိ၇သည်။

 ပုဂ္ဂလိကအမြန်ယာဉ်ရေကြောင်းလိုင်းတစ်ခုဖြစ်သည့်ရွှေပြည်တန်ရေယာဉ်လိုင်းမာလာမည့် ဧပြီလ ၁၀ ရက်နေ့ကတည်းက စတင်ရပ်နားမည်ဖြစ်ပြီး ဖြစ်ပြီး မလိခရေယာဉ်လိုင်းနှင့် ပြည်တွင်းအစိုးရရေကြောင်း လိုင်းအားလုံးမှာ ဧပြီလ ၁၃ ရက်နေ့တွင် စတင်ရပ်နားတော့မည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ဦးစီးဌာနမှပြည်နယ်မန်နေဂျာ ဦးအောင်လင်းက ပြောသည်။

ကျွန်တော်တို့ပြည်တွင်းရေကြောင်းလိုင်းတွေကတော့ သင်္ကြန်ပိတ်ရက်အတွင်းမှာရပ်နားသွားပါမယ်။ သင်္ကြန်ရုံးပိတ်ရက်အတိုင်း ပြေးဆွဲနေတာကို ရပ်နားမှာ ဖြစ်ပါတယ်ဟုပြောသည်။

မန်နေဂျာဦးစံမော်သိန်းကရွှေပြည်တန်ရေယာဉ်လိုင်းကို  လာမည့် ဧပြီလ ၁၀ ရက်နေ့တွင် စစ်တွေမှအထွက်ကို ရပ်နားမည်ဖြစ်ကြောင်း၊  စစ်တွေသို့ အဝင်ရေယာဉ်လိုင်းများကိုဧပြီ ၁၁ ရက်နေ့တွင်စတင်ရပ်နားမည်ဟုပြောသည်။

အားလုံးပေါင်း ကိုးရက်တိတိဖြစ်သွားမှာပေါ့။ဧပြီ ၂၀ရက်နေ့အထိ ပိတ်မှာဆိုတော့လေ။ သင်္ကြန်ဆိုရင် ခါတိုင်းနှစ်တွေကလည်း ပိတ်ပါတယ်။ သင်္ကြန်တွင်းမပြေးဆွဲဘူး။ အခုတလောတော့ခရီးသည်တွေ အတော်အသင့်များလာတာ တွေ့၇တယ်။ အိမ်ပြန်ကြတာပေါ့ဟုပြောသည်။

စစ်တွေမြို့Star Wave Air လေယာဉ်လက်မှတ်အရောင်းဆိုင်မှတာဝန်ရှိသူ မငြိမ်းငြိမ်းအေးက သင်္ကြန်နဲ့က မပိတ်ပါဘူး။  သင်္ကြန်တွင်းရက်တွေမှာလည်း လေယာဉ်ပြေးဆွဲမှာပါ။တစ်ခုပဲ Air Thanlwin လေကြောင်းလိုင်းတစ်ခုပဲရပ်နားမှာပါ။ အခုတလော အဲဒီလေကြောင်းလိုင်းက  အခေါက်ရေ နေ့တိုင်းပြေးဆွဲတာမျိုးမဟုတ်ဘူး ရက်ခြားပြေးဆွဲနေတာဆိုတော့။ကျန်တဲ့ လေကြောင်းလိုင်းတွေက အကုန်ပြေးဆွဲပါမယ်။ လက်မှတ်တွေရောင်းနေ၇ပါတယ်ဟုပြောသည်။

ဧပြီလ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ သင်္ကြန်ကာလ ရုံးပိတ်ရက် ဖြစ်သည်။

#သယ်ယူပို့ဆောင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.