Preview

ဆန္ဒပြ၍ ဖမ်းဆီးခံရသူ (ALD) ဗဟိုတွဲဘက်အတွင်းရေးမှူးနှင့်တခြားနှစ်ဦးအမှုကို ဧပြီလ ၈ ရက်နေ့တွင်ထပ်မံရုံးထုတ်စစ်ဆေးမည်

ဧပြီ ၀၆/ ၂၀၂၁ | ကြည့်ရှုသူ :2302
ရခိုင် သတင်း

ထွန်းခိုင်(တောင်ရင်းကျွန်း)

နိ၇ဉ္စရာ၊ ဧပြီ / ၂၀၂၁

အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြ၍တောင်ကုတ်မြို့တွင် ဖမ်းဆီးခံထား၇သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ဗဟို တွဲဘက်အတွင်းရေးမှူး ကိုကျော်ကျော်လင်းနှင့် ခြားနှစ်ဦးတို့၏အမှုအား ဧပြီလ ၈ ရက်နေ့၌တောင်ကုတ်မြို့နယ် တရားရုံးတွင် VideoConferencingဖြင့် ထပ်မံရုံးထုတ်စစ်ဆေးမည်ဟု သတင်းရရှိသည်။

၎င်းတို့အမှုအားစစ်ဆေးရန် မတ်လ ၅ ရက်နေ့၌ video conferencing ဖြင့် ရုံးထုတ် စစ်ဆေးခဲ့သော်လည်းဥပဒေအရာရှိ မရှိသဖြင့်ဧပြီလ ၈ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးခင်မောင်ဌေးက ပြောသည်။

ကျနော်တို့ တရားလိုကိုတော့ စစ်ပြီးပြီ။လိုပြသက်သေက ၆ ယောက်ပါတဲ့အတွက် နောက်ထပ် ၅ ယောက် စစ်ဆေးဖို့ ကျန်သေးတယ်။ လိုပြသက်သေတွေကတော့နယ်ထိန်းခေါင်းဆောင်ပါတယ်။ နောက် ရဲတပ်ကြပ်ရဲတပ်သားတို့ ပါတယ်ဟု ၎င်းကပြောသည်။

တရားလိုအဖြစ်တိုင်းတန်းသူမှာ တောင်ကုတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ဒုဦးစီး ဦးမောင်ထွီးခိုင် ဖြစ်ပြီး ၎င်းတစ်ဦးတည်းကိုသာ စစ်ဆေး၇သေးကြောင်း ရှေ့နေကပြောဆိုသည်။  

ဧပြီ ၅ ရက်နေ့က ၇ုံးထုတ် စစ်ဆေးမှုသည် ၃ ကြိမ် ရုံးချိန်းဖြစ်ကာလွန်ခဲ့သည့်မတ်လ ၂၃ ရက်နေ့ ရုံးချိန်း၌  တရားလို မောင်ထွီးခိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိ၇သည်။

တောင်ကုတ်မြို့နယ်(ALD) ပါတီတွဲဖက်အတွင်းရေးမှူး ကိုအောင်မင်းနိုင်က ကျနော်တို့က အာဏာရှင်စနစ်ကို မကြိုက်ဘူး။ လူ့အခွင့်အရေးလည်းဆုံးရှုံးတယ်။ ပြည်သူလူထုရဲ့ အခွင့်အာဏာ ရပိုင်ခွင့်တွေလည်း ဆုံးရှုံးတယ်။ အဲဒါကိုဆန့်ကျင်လို့ ဆန္ဒပြတဲ့ အတွက် ဖမ်းသွားတာကိုတော့ ကျနော်တို့ ကမတရားဖမ်းသွားတယ်လို့မြင်ပါတယ်ဟုပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဗဟိုတွဲဘက် အတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တောင်ကုတ်မြို့ရှိကိုမင်းလှိုင်ထွန်း (ခ) သားသားကြီး၊ ကိုဇာနည်ထူးထူးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းကဆန္ဒပြန်ရန် ပြင်ဆင်နေစဉ်ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက်သူတို့အား တောင်ကုတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုဦးစီး ဦးမောင်ထွီးခိုင်ကတရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရှိ၇သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့မှ(ALD) ပါတီမှအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကိုလည်းCDM လုပ်ရှားမှု၌ပါဝင်သွားကြောင့် ပြီးခဲ့သော မတ်လ ၁၀ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှဖမ်း၀ရမ်းထုတ်ထားသည်ဟု သိ၇သည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.