Preview

တိမ်ညိုစစ်ဘေးရှောင်စခန်းအတွက် စာရေးဆရာဝေဟင်အောင်နှင့်အဖွဲ့ အလှူငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော် လက်ခံရရှိ

ဧပြီ ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :6149
ရခိုင် သတင်း

ဆောင်းဇာခြည်၊ချစ်အိလှိုင်

နိ၇ဉ္စရာ၊ဧပြီ ၇/ ၂၀၂၁

 

မီးလောင်သွားခဲ့သည့် မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းအတွက်စာရေးဆရာ ဝေဟင်အောင်နှင့်အဖွဲ့ ထံသို့ ယနေ့အချိန်ထိ ပေးပို့ လှူဒါန်းသည့်ငွေမှာ ငွေကျပ်သိန်းပေါင်း၂၀၈၄ (နှစ်ထောင့်ရှစ်ဆယ့်လေးသိန်း) ရှိကြောင်း သတင်းရရှိသည်။

 

ပြီးခဲ့သည့်မတ်လ ၁၉ ရက်နေ့မှစ၍ ယမန်နေ့ ဧပြီလ ၆ ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များက တိမ်ညိုစစ်ဘေးရှောင်စခန်း ပြန်လည်တည်ဆောက်ရန်အတွက်ယင်းငွေများကို လှူဒါန်းထားခြင်းဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

 

လှူကြတာကတော့ ပြည်တွင်းပြည်ပ အကုန်ပါပါတယ်။ ပြည်ပက ရခိုင်တွေလည်းလှူကြပါတယ်။ တခြားတိုင်းရင်းသားတွေလည်း လှူကြတာတွေ ရှိပါတယ်။ ငွေတွေကို တိမ်ညိုနဲ့ပတ်သက်တဲ့ စစ်ဘေးရှောင်တွေအတွက်ပဲအဓိက သုံးသွားပါမယ်။ အဲဒီမှာပဲ အများစုသုံးမှာပါ။ ကျန်တဲ့အရေးပေါ်လိုအပ်တဲ့နေရာတွေရှိကောင်းရှိနိုင်ပါတယ်။ ဥပမာ တခြားဒုက္ခသည်စခန်းမှာ အရေးပေါ်ရေလိုအပ်နေတာတွေ ရှိမယ်။မြေခပေးရတာတွေရှိမယ်။ အဲဒီအခါကျရင် အဲဒီငွေက တချို့တစ်ဝက်ထုတ်သုံးသွားပါမယ်။ ကျန်တဲ့အများစုငွေတွေကိုတိမ်ညိုစစ်ဘေးရှောင်စခန်းမှာပဲသုံးသွားမယ်။ဟု ပြောသည်။

 

ယင်းငွေများနှင့်တိမ်ညိုစစ်ဘေးရှောင်စခန်းပြန်လည်ထူထောင်ရန်အတွက်လူနေဆောင်များ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သူက ပြောသည်။

 

ကျွန်တော်တို့အဖွဲ့အပြင် တခြားအလှူငွေကောက်ခံတဲ့ အဖွဲ့အစည်းတွေဆီကဝင်လာတဲ့ အခင်းအကျင်းအရဆိုရင် တိမ်ညိုစစ်ဘေးရှောင်စခန်းကိုတည်ဆောက်ရေးကာလ တစ်စုံတစ်ရာ ပြန်လည်ထူထောင်နိုင်မယ်လို့ ထင်ပါတယ်။ဟု သူက ဆက်ပြောသည်။

 

လက်ရှိတွင်မီးလောင်ပျက်စီးသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်လူနေဆောင်သစ် အလုံး ၅၀ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း၊ စာရေးဆရာဝေဟင်အောင်နှင့်အဖွဲ့မှသင်္ကြန်ရက်မတိုင်မီ နေအိမ် အလုံး စုစုပေါင်း ၁၅၀ အား ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းလည်းသိ၇သည်။

 

သင်္ကြန်ရက်မတိုင်မီထိုအလှူငွေများထဲမှ တိမ်ညိုစစ်ဘေးရှောင်စခန်းရှိအိမ်ထောင်စုများမှ တစ်အိမ်ထောင်စုစီကို ငွေကျပ် သုံးသောင်းကျပ်စီ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းလည်းသိ၇သည်။

 

တိမ်ညိုစစ်ဘေးရှောင်စခန်းသည် ပြီးခဲ့သည့်မတ်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် အိမ်ထောင်စု ၆၆၃စုနှင့် လူဦးရေ ၂၉၆၅ ဦးရေ အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားခဲ့သည်။

 

ယင်းစခန်းကိုပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စခန်းတွင် မြောက်ဦးမြို့နယ်ရှိကျေးရွာပေါင်း ၁၃ ရွာမှ စစ်ဘေးရှောင်လူဦးရေ ၃၃၅၅ ဦး နေရပ်စွန့်ခွာထွက်ပြေးလာကာ မှီခိုနေထိုင်လျက်ရှိကြသည်။

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.