Preview

ARG မှ စွန့်ပစ်ပစ္စည်းများဖြင့် ပလပ်စတစ်စက်ရုံတည်ဆောက်မည်

ဧပြီ ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :5786
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဧပြီ ၈/ ၂၀၂၁

၇ခိုင်မျိုးစောင့်အဖွဲ့ (ARG) မှ စွန့်ပစ်ပစ္စည်းများဖြင့် ပလပ်စတစ်စက်ရုံတစ်ရုံကို ရခိုင်ပြည်နယ်တွင်တည်ဆောက်ရန် စီစဉ်နေကြောင်းသတင်းရရှိသည်။

သဘာ၀ပတ်ဝန်းကျင်အား ထိန်းသိမ်းရာရောက်အောင်နှင့် ဒေသဖွံ့ဖြိုးရေးကိုရည်ရွယ်၍ စွန့်ပစ်ပစ္စည်းများအား အကျိုးရှိရှိ အသုံးပြုနိုင်ရန်အတွက် ပလပ်စတစ်စက်ရုံတည်ဆောက်ရန် စီစဉ်၇ခြင်းဖြစ်ကြောင်း အဆိုပါ ARG အဖွဲ့ ဥက္ကဋ္ဌ ဦးဘအေးက နိရဉ္စရာသို့ ပြောသည်။

ရေတိုင်ကီဗူးတွေ၊တခြားအရွယ်အစားတွေရှိတဲ့ ဗူးတွေ လုပ်ဖို့ စက်ရုံတွေ လုပ်မယ်။ ဘာလို့လဲဆိုတော့ သဘာ၀ပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းရာရောက်အောင် စွန့်ပစ်ထားတဲ့ ပလပ်စတစ်တွေကို ပြန်ပြီး အသုံးချနိုင်အောင်အတွက်ဦးတည်ထားတယ်။ ဒေသဖွံ့ဖြိုးရေးကိုလည်း ရည်ရွယ်ထားတာပါတယ်ဟုပြောသည်။

၎င်းပြင် ရေသန့်စက်ရုံကိုလည်း ကျန်းမာရေး ရှုထောင့်ကနေ ရည်ရွယ်ထူထောင်သွားမည်ဖြစ်ကြောင်း၊စစ်တွေနှင့် မြောက်ဦးမြို့တို့တွင် ခရီးသွားများ လာရောက်တည်းခိုနိုင်ရန် တည်းခိုခန်းများတည်ဆောက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နောက်တစ်ခါ ရေသန့်စက်ရုံတွေကို ဦးတည်ထားပါတယ်။ ရေသန့်က စီးပွားရေးအမြင်နဲ့ပဲလုပ်နေကြတယ်။ အမျိုးသားကျန်းမာရေးအမြင်နဲ့ မလုပ်ကြဘူးပေါ့။ နောက်ဟိုတည်တွေလည်း စစ်တွေနဲ့မြောက်ဦးမှာ တည်ဆောက်သွားဖို့ ရည်ရွယ် လုပ်ဆောင်နေပါတယ်ဟု ပြောသည်။

ဆောက်လုပ်မည့် စက်ရုံ၊ ဟိုတယ် အရေအတွက်အား လောလောဆယ် မသိနိုင်သေးသော်လည်းယင်းလုပ်ငန်းများအား အကောင်အထည်ဖော်ရန် ယခုလ ဧပြီမှစ၍ စီစဉ်များ ချမှတ်လုပ်ဆောင်နေပြီဖြစ်ကြောင်းသူက ဆက်ပြောသည်။

ရခိုင်စီးပွားရေးဟာ၇ခိုင်သူ/သားတွေရဲ့ လက်ထဲမှာရှိနေနိုင်အောင်လို့ ကျွန်တော်တို့က လုပ်ရတာ။ ဒါက အများပိုင်ကုမ္ပဏီပုံစံမျိုးနဲ့လုပ်တဲ့ စီးပွားရေးမဟုတ်ဘူး။ ဒါကို ကျွန်တော်တို့ ARG အဖွဲ့ဝင်တွေကစုပေါင်းပြီးတော့ လုပ်တဲ့စီးပွားရေးပါ။ ဒေသဖွံ့ဖြိုးရေးအတွက် အရှုံးခံပြီး လုပ်ရတဲ့အပိုင်းတွေလည်းရှိနေတော့ အဖွဲ့အစည်းကဘဲ တာဝန်ယူလုပ်တာများပါတယ်ဟု ပြောသည်။

ARG အနေဖြင့်ရခိုင်ဒေသထွက် မုန်ညင်းဆီတိုးချဲ့ထုတ်လုပ်မှုများအားလည်း ဖြည်းဖြည်းချင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

 ARG မှဦးဆောင်ကာတည်းခိုခန်းများကို စစ်တွေနှင့် မြောက်ဦးမြို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံများအားစစ်တွေနှင့် မင်းပြားမြို့တို့တွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိ၇သည်။

 ၇ခိုင်မျိုးစောင့်အဖွဲ့  ( ARG)သည် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း အစုရှယ်ယာများခေါ်ပြီးစီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နေရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အစုရှယ်ယာသိန်း ၆၀၀ ကျော်ကို အစုရှင်များကို ခွဲဝေပေးနိုင်ခဲ့သည့်အထိ အောင်မြင်မှု ရရှိခဲ့သည်ဟုသိ၇သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.