Preview

ပလက်၀မြို့တွင် PSI စလောင်းစက်များကို သိမ်းဆည်း

ဧပြီ ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :2877
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဉ္စရာ၊ ဧပြီ ၈/ ၂၀၂၁


ချင်းပြည်နယ်၊ ပလက်၀မြို့ပေါ် ရပ်ကွက် ၃ ခုတွင် PSI စလောင်းစက်များကိုယနေ့ ညနေ ၅ နာရီခန့်ကစတင်၍ သိမ်းဆည်းနေကြောင်းသတင်းရရှိသည်။

ပလက်၀မြို့ရှိ မြို့မရပ်ကွက်၊ ရွာမရပ်ကွက်နှင့် ရိက္ခာရပ်ကွက်တို့မှရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် သိမ်းဆည်းနေကြောင်း၊  ရပ်ကွက်ရာအိမ်မှူးများထံ PSIစလောင်းများကို အပ်နှံကြရန် ရွာဆော်များက  လက်ကိုင်မိုက်ဖြင့် အော်သဖြင့် သွားရောက်အပ်နှံကြရခြင်းဖြစ်ကြောင်းမြို့မရပ်ကွက်မှ ဦးမောင်သန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

သူတို့တောင်းလို့သွားပေးရတာ။ အခုပေးနေကြတာပါ။ စလောင်းခွက်ကိုတော့ မယူဘူး။ စက်ကိုသိမ်းဆည်းတာပါ။ ကျွန်တော်တို့ကတော့ တပ်ကယူခိုင်းတာလို့ ထင်ပါတယ် ။တစ်မြို့လုံး အပ်ရတာပါ။ ဘာလို့သိမ်းတာလည်းတော့သေချာ မမေးခဲ့ဘူး။ ပေးဆိုရင်သွားပေးကြတာ။ PSI ကို တစ်မြို့လုံးလိုလိုသုံးကြတယ် ဒီမှာကဟုပြောသည်။

 မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံသိန်းကလည်း စက်များကို သိမ်းဆည်းနေခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

မနက်ဖြန်၁၂ နာရီမှာ စခန်းကို အပ်ရမယ်။ ရပ်ကွက်ရုံး ကနေပြီးတော့ စာရင်းဇယားနဲ့မှတ်ပြီး လက်ခံပြီးရဲကို စာရင်းနဲ့အပ်ရမှာ။ ပြည်နယ်က ညွှန်ကြားတာလို့ သိရတယ်။  ညွှန်ကြားတာက မြို့နယ်ရုံးကလည်း ပါတယ်။ရဲလည်းပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း ပါတယ်။ မီးသတ်လည်းပါတယ်။ PSI စက်တလုံးကို အပ်လိုက်ပါလို့ ပြည်သူတွေကို ပြောထားတယ်။ဘာလုပ်ဖို့လည်း ဆိုတာမသိရဘူ။ ပြန်ရရင်အဆင်ပြေအောင် စာရင်းမှတ်ထားတယ်ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပလက်၀မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်လောဟာအား မေးမြန်းစုံစမ်းရန် ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

( ဓာတ်ပုံ- မွန်ပြည်နယ်တွင် သိမ်းဆည်နေသည်ကို တွေ့၇စဉ်/DVB)

 

#သတင်းမီဒီယာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.