Preview

ရုပ်ရှင်နှင့်သရုပ်ဆောင်ခိုင်နှင်းဝေမွေးစားမည့် ၄၅ ရက်သာရှိသေးသည့် ရခိုင်ကလေးငယ်အပေါ် စိတ်ဝင်စားမှုများနေ

ဧပြီ ၀၉/ ၂၀၂၁ | ကြည့်ရှုသူ :8589
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဉ္စရာ၊ ဧပြီ ၉/ ၂၀၂၁

ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာ၌ ပျံ့နှံ့နေသည့် ရုပ်ရှင်နှင့်သရုပ်ဆောင် ဒေါ်ခိုင်နှင်းဝေ မွေးစားလိုက်ပြီဟုဆိုသော ၄၅ ရက်သာရှိသေးသည့် ရခိုင်ကလေးငယ်နှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားများအကြား စိတ်ဝင်စားမှုများပြားမှုနှင့်အတူ မေးမြန်းစုံစမ်းမှုများရှိနေကြောင်း သတင်းရရှိသည်။

သို့အတွက် ၎င်းကလေးငယ်ကိစ္စကို ဒေါ်ခိုင်နှင်းဝေနှင့် ဆက်သွယ်ရရှိထားသူ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဒေါ်ခင်စောဝေသို့ နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်ရာ ၎င်းကလေးငယ်မှာ တနင်္သာရီတိုင်းမြို့တော်ထားဝယ်မှတစ်ဆင့် ရန်ကုန်သို့ ပို့ဆောင်လိုက်သည့် ရခိုင်စစ်ဘေးရှောင်ကလေးငယ်ဖြစ်ကြောင်း သူမက ပြောသည်။

ဒေါ်ခင်စောဝေက ကာယကံရှင် ဒေါ်ခိုင်နှင်းဝေအား ဆက်သွယ်ရာတွင်၄င်းတို့က ကလေးငယ်မှာ ရခိုင်မှ ထားဝယ်သို့ရောက်နေသည့် စစ်ဘေးရှောင် ကလေးငယ်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ဒေါ်ခင်စောဝေကပြောသည်။  

 ကလေးကထားဝယ်ဖက်ကနေ ကြားအကူအညီနဲ့ပို့လိုက်တာလို့သိရတယ်။ရခိုင်ကနေ ကလေးအမေက ထားဝယ်ကို ရောက်သွားတဲ့သဘောရှိတယ်။ စိတ်ချရတဲ့နေရာကို ပို့ချင်လို့ဖုန်းဆက်လာတယ်လို့ သူမကပြောတယ်။ ကလေးက ၄၅ ရက်သားလေးလို့သိရတယ်။ ကျွန်မရဲ့လူမှုကွန်ယက်ဖေ့စ်ဘုတ်မှာလည်းဒီဟာကို ရေးသားထားပါတယ်ဟုပြောသည်။

အဆိုပါကလေးငယ်ကိစ္စနှင့် ပတ်သက်၍ ပတ်သက်၍ နိရဉ္စရာသတင်းဌာနမှဒေါ်ခိုင်နှင်းဝေအားဆက်သွယ်ရာ သူမ၏ ကလေးများစောင့်ရှောက်ရေးဂေဟာမှ တာဝန်ကျဝန်ထမ်းကကလေးငယ်၏ အကြောင်းနှင့် ပတ်သက်၍ ဒေါ်ခင်စောဝေအား ဖြေကြားထားပြီးဖြစ်သဖြင့် ၄င်းတို့အနေဖြင့်တစ်စုံတစ်ရာထပ်မံဖြေဆိုနိုင်ခြင်းမရှိကြောင်း ပြောဆိုကာ ဖုန်းချသွားခဲ့သည်။

ကလေးငယ်နှင့်ပတ်သက်၍ ယမန်နေ့ ဧပြီလ ရ ရက်နေ့က သရုပ်ဆောင်ခိုင်နှင်းဝေ၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖခင်ကတာဝန်မယူပဲစွန့်ပစ်ထားပြီး မိခင်က စစ်ပြေးရင်း ဆုံးသွားခဲ့တဲ့ အတွက် တစ်ယောက်ထဲ ကျန်ခဲ့သည့် သားငယ်လေးကိုခေါ်ယူ စောင့်ရှောက်မွေးစားဖြစ်ပါတယ်ရှင်။ ကလေးက ၄၅ ရက်ပြည့်ပြီမို့ လေယာဉ်စီးလို့ရတဲ့ အတွက် မနက်ဖြန်လေယာဉ်နဲ့ ရန်ကုန်ကိုရောက်ရှိလာမှာ ဖြစ်ပါတယ်ရှင်။ တဖက်မှာလည်း အခက်အခဲတွေနဲ့ တစ်ဖက်ကလည်း စောင့်ရှောက် ပေးရတဲ့အတွက်ရတဲ့ပီတိတွေနဲ့ ကြိုးစားရုန်းကန်အားမွေးနေရပါတယ်ရှင်ဟု ရေးသားခဲ့သည်။

ယင်းနောက် ယမန်နေ့ နေ့လယ်က ရခိုင်သားလေး ရန်ကုန်ရောက်ပါပြီရှင်ဟု ကလေးအားလေဆိပ်တွင် သွားကြိုဆိုသည့် စာသားနှင့်ပုံကို ဒေါ်ခိုင်နှင်းဝေက သူမ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖော်ပြခဲ့သည်။

အဆိုပါ ကလေးငယ်ကိစ္စ ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နာပေါ်တွင်တက်လာပြီးနောင်  ရခိုင်ပြည်နယ်ရှိ ဒေသခံများကကလေးနှင့် ပတ်သက်သည့် အကြောင်းစုံကို သိရှိလိုကြောင်း လူမှုစာမျက်နှာများတွင် ရေးသားမှုများပျံ့နှံ့လာခဲ့သည်။

ရခိုင်ရှိ လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့်စာရေးဆရာ ဦးဝေဟင်အောင် အနေဖြင့် ကလေးငယ်မှာမည်သည့် နေရာဒေသမှ ကလေးငယ်ဖြစ်သည်ကို သိရှိလိုပြီး၊ဖခင်ဖြစ်သူနှင့် အဆက်အသွယ်ရနိုင်အောင်ကြိုးစားနေကြောင်း နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ကျွန်တော်လည်းညနေပိုင်းကအင်တာနက်ဖွင့်ကြည့်မှ သိတယ်။ ကျွန်တော်တို့ကတော့ လူမှု အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးတာမရှိသေးဘူး။ ကျွန်တော်တို့အနေနဲ့ဘယ်လိုဖြစ်ချင်လဲဆိုရင် နံပါတ်တစ်အဲဒီကလေးရဲ့မှုလပိုင်ရှင်ဖြစ်တဲ့ ကလေးအဖေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစား နေကြတယ်ပေါ့။ဘာလို့ဆိုရင် အဖေတစ်ယောက်အနေနဲ့ပြောရင် ကျွန်တော်တို့ ပြောတာထက်အများကြီးအားရှိတယ်။အဲဒီကလေးနဲ့ပတ်သက်ပြီး အချက်အလက်ဘာတစ်ခုမှ မသိ၇သေးဘူးဟုပြောသည်။

 စာရေးဆရာ ဝေဟင်အောင် ၏ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်း ကလေးငယ်၏ဖခင်ဖြစ်သူက ဆက်သွယ်ပေးပါရန်   မောင်သန်းဝေဖုန်း-၀၉၄၅၂၄၂၈၄၇၆/ကျော်ဟိန်းဖုန်း-၀၉၄၅၃၇၂၅၆၂၀/ မြတ်မင်းဌေး -၀၉၆၉၆၈၅၅၁၄၃ တိုအားဆက်သွယ်ပေးရန် တောင်းဆိုထားသည်။

အဆိုပါကလေးငယ်မှာ လက်ရှိတွင် ခိုင်နှင်းဝေ ကလေးများဂေဟာ၌စောင့်ရှောက်မှုကို ခံယူလျက်ရှိကြောင်း သိ၇သည်။

 

ပုံ- ခိုင်နှင်းဝေဖေ့စ်ဘုတ်

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.