နိရဉ္စရာ၊ ဧပြီ ၂၄/၂၀၂၁
မြန်မာနိုင်ငံတွင် အကြပ်အတည်း (၃) ရပ်ကြောင့် လာမည့်ခြောက်လအတွင်းလူပေါင်း ၃ ဒဿမ ၄သန်းကျော် ငတ်မွတ်ခေါင်းပါးမှုကြုံ၇နိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFPခန့်မှန်းထားသည်ဟု ဧပြီ ၂၂ ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲထုတ်ပြန် ပြောဆိုသည်။
ရှိနှင့်ပြီးသော ဆင်းရဲမွဲတေမှု၊COVID-19 နှင့်လက်ရှိ နိုင်ငံရေး အကြပ်အတည်းတို့၏ သုံးပွင့်ဆိုင် သက်ရောက်မှု သည်ငတ်မွတ်ခေါင်းပါးခြင်းနှင့် စိတ်ပျက်အားငယ်မှုများသိသာစွာ မြင့်တက်လာခြင်းကို ဦးတည်စေသည်ဟု WFP က ဆိုသည်။
လာမည့်ခြောက်လအတွင်းလူပေါင်း ၃ ဒသမ ၄ သန်းကျော်သည် ငတ်မွတ်ခေါင်းပါးမှုဒဏ် ကြုံရဖွယ်ရှိသည်ဟု WFP က ခန့်မှန်းထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံ၏အဓိကမြို့ကြီးများရှိ ဆင်းရဲချို့တဲ့သောမြို့နယ်များနှင့် လတ်တလော လူအများရွှေ့ပြောင်း လာခဲ့သော အခြားဒေသများရှိ ထိခိုက်လွယ်သူပေါင်း၂ သန်းအထိဆီသို့ ရောက်ရှိစေမည့် အစီအစဉ်သစ် တစ်ခုကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကဆိုသည်။
မတ်လအတွင်းကWFP သည်ချင်းပြည်နယ်တောင်ပိုင်း၊ကချင်ပြည်နယ်၊ ၇ခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိလူပေါင်း ၃၇၄,၀၀၀ ကိုထောက်ပံ့ကူညီခဲ့သည်။
လာမည့်လများအတွင်း မြန်မာနိုင်ငံတွင် WFP မှ ထောက်ပံ့လျှက်ရှိသော လူဦးရေမှာ ၁ ဒသမ ၃ သန်းမှ ၃ ဒသမ ၃ သန်း အထိ သုံးဆနီးပါး ရှိလာမည်ဖြစ်သည်။ ယင်းကဲ့သို့ ထောက်ပံ့ကူညီပေးနိုင်ရန် အေဂျင်စီအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၆ သန်း အရေးပေါ်လိုအပ်ကြောင်း ဖော်ပြထားသည်။