English Edition
စနေနေ့၊ သြဂုတ်လ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ယခုနှစ် ရှစ်သောင်းဘုရားဗုဒ္ဒပူဇေနိယပွဲတော်တွင် ရိုးရာလှေပြိုင်ပွဲအပါအဝင်ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပမည်မဟုတ်ဟုသိရ
ဧပြီ ၂၆/ ၂၀၂၁ | ကြည့်ရှုသူ :4753
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဉ္စရာ၊ ဧပြီ ၂၄/ ၂၀၂၁
ယခု ၂၀၂၁ ခုနှစ် ကျင်းပမည့် ရှစ်သောင်းဘုရား ဗုဒ္ဓပူဇေနိယပွဲတော်တွင် ပြိုင်လောင်းပွဲ (လှေပြိုင်ပွဲ)နှင့် ဘော်လုံးပွဲ၊ ရိုးရာကျင်ပွဲများအပါအဝင် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပမည် မဟုတ်ကြောင်း သတင်းရရှိသည်။
ယမန်နေ့ နေ့လယ်က ပြုလုပ်သည့် မြောက်ဦးမြို့သင်္ဃာ့နာယက အဖွဲ့၊ ရှစ်သောင်းဘုရား ဂေါပက အဖွဲ့နှင့် အစိုးရဌာနဆိုင်ရာအဖွဲ့များက အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ကြသည်ဟု ရှစ်သောင်းဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမောင်စောသိန်းက ပြောသည်။
“ ပွဲမကျင်းပဘူးလို့လည်းမဟုတ်ဘူး။ ဒါပေမယ့် ပြည်မဖက်မှာ ဆန္ဒပြနေကြတာတွေနဲ့လည်းဖြစ်၊ ပြီးတော့ ကိုဗစ်ကလည်း ပြန်ထလာတယ်လေ။ ဒါကြောင့် ဆရာတော်တွေက ပျော်ပွဲရွှင်ပွဲ မထည့်စေချင်ဘူး။ ပြိုင်လောင်းပွဲတွေ၊ ကျင်ပွဲတွေမပါဘူးပေါ့။အရင်နှစ်ကလည်း ဒီလိုပဲလုပ်ခဲ့၇တယ်” ဟုပြောသည်။
ရှစ်သောင်းဘုရားပွဲတော်ကို နှစ်စဉ် ကဆုန်လပြည့်နေ့တွင် ကျင်းပပြီး ပြိုင်လောင်းပွဲ၊ ဘောလုံးပွဲ၊ ရိုးရာကျင်ပွဲ၊ စတိတ်ရှိုးနှင့် ဇာတ်ပွဲများကိုပါ ထည့်သွင်း ကျင်းပလေ့ရှိသဖြင့် အလွန်စည်ကားသော ဘုရားပွဲဖြစ်ကြောင်း သိရှိ၇သည်။
ဘုရားပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ မပါဝင်သည့် အပေါ်မြောက်ဦးမြို့ခံ တစ်ဦးဖြစ်သူ ဒေါ်အမာလှိုင်က “ စိတ်တော့မကောင်းဘူးပေါ့။ ရှစ်သောင်းဘုရားပွဲကတော့ ရခိုင်တစ်ပြည်နယ်လုံးကလူတွေ မျှော်လင့်တဲ့ ပွဲလေ။ စည်လည်းအတော်စည်ကားတယ်။ ဒါပေမယ့် တိုင်းရေးပြည်ရေးကလည်း မကောင်းတော့ ပျော်ပွဲရွှင်ပွဲတွေမပါတာလည်း ကောင်းတယ်လို့တော့ ထင်မိတယ်။” ဟုပြောသည်။
သို့သော်လည်း ယခုနှစ်ဘုရားပွဲတော်တွင် ပဋ္ဌာန်းတရားနာခြင်းနှင့် ညောင်ရေသွန်းပွဲများကို ထည့်သွင်းကျင်းပသွားရန် ယမန်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု သိ၇သည်။
ရခိုင်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၁၉ ခုနစ်မှစ၍ ရှစ်သောင်းဘုရားပွဲကို ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိ၇သည်။
#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.