သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရခိုင်မှ ဆရာ၊ ဆရာမများအား မေလ ၃ ရက်နေ့အရောက် ကျောင်းလာကြရန်ညွှန်ကြားထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဧပြီ ၂၉ / ၂၀၂၁

 

ရခိုင်ပြည်နယ်ရှိ ကျောင်းဆရာ၊ ဆရာမများအနေဖြင့် လာမည့်မေလ ၃ ရက်နေ့တွင် မိမိတို့ တာဝန်ကျရာ အခြေခံပညာကျောင်းများသို့ လာရောက်ကြရန် ညွှန်ကြားထားသည်ဟု ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကပြောသည်။

 

သတင်းကတော့ မင်းတို့ သိထား၊ ကြားထားတဲ့အတိုင်းပေါ့။ ဆရာ၊ ဆရာမတွေကို ကျောင်းကိုသွားရဖို့ဆိုပြီးတော့ ညွှန်ကြားထားတယ် ဟုပြောသည်။

 

ကျောင်းဆရာ၊ ဆရာမများအား မေလ ၃ ရက်နေ့တွင် ကျောင်းသို့အရောက်လာခိုင်းသည်မှာ စာသင်ကြားရန်အတွက်မဟုတ်ဘဲ CDM လှုပ်ရှားမှုတွင် ပါ၊ မပါဆိုသည်ကို သိလိုသော ရည်ရွယ်ချက်ဖြင့် ခေါ်ယူခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော ကျောင်းအုပ်ဆရာမတစ်ဦးက ပြောသည်။

 

အရင် ကျောင်းအုပ်တွေ CDM မလုပ်ကြောင်းကို လက်မှတ်ထိုးရတယ်။ အခုကျောင်းအုပ်တွေက လက်မှတ်ထိုးပြီးပြီ။ နောက်ဆရာ၊ဆရာမတွေကိုလည်း CDM လုပ်၊ မလုပ်ကို သိချင်တဲ့အတွက် သူတို့တာဝန်ကျနေတဲ့ ကျောင်းတွေကို သွားပြီးတော့ လက်မှတ်ထိုးဖို့အတွက် ညွှန့်ကြားထားတာဖြစ်တယ်။ဟု သူကပြောသည်။

 

မေလ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးမှ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ တာဝန်ကျရာကျောင်းသို့ အရောက်လာရန် ညွှန်ကြားထားခြင်းဖြစ်သော်လည်း အဆိုပါနေ့တွင်သာ ဆရာဆရာမများ လာရောက်ကြသလား၊ မလာရောက်ကြဘဲ နေကြမလားဆိုသည်ကို သိရှိနိုင်မည်ဟုဆိုသည်။

 

လွန်ခဲ့သည် ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် မြောက်ပိုင်းကျေးရွာတချို့မှ ကျောင်းများကို ပိတ်ထားခဲ့ရသလို့ ၂၀၂၀ ခုနှစ်တွင်လည်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများကို ပိတ်ထားခဲ့ရသည်။

ဆက်စပ် သတင်းများ