Preview

ဂွမြို့တွင် ဖမ်းဆီးခံထားရသူ ဦးရဲခေါင်ညွှန့်အပါအဝင်၄ ဦးအမှုကို မေလ ၆ ရက်နေ့သို့ ရုံးချိန်း

ဧပြီ ၃၀/ ၂၀၂၁ | ကြည့်ရှုသူ :1356
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

ိ၇ဉ္စရာ၊ ဧပြီ ၃၀ / ၂၀၂၁

အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံ၇သူ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်၇ NLD ဂွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်အပါအဝင်၄ ဦး၏ အမှုကို လာမည့် မေလ ၆ ရက်နေ့တွင် ဆက်လက် ရုံးထုတ် စစ်ဆေးမည်ဟု သတင်းရရှိသည်။

ယမန်နေ့ ရုံးချိန်း၌ တရားလိုပြသက်သေများအား စစ်ဆေးခဲ့သည်ဟု သူတို့၏အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ပြောသည်။

ကိုရဲခေါင်ညွန့်နဲ့ ဦးလူနီတို့ အမှုနဲ့ ပတ်သက်ပြီးတော့ ကျမသက်သေနှစ်ယောက်စစ်ဖြစ်တယ်။ဘေးစီမံမှာလည်း သက်သေနှစ်ယောက်စစ်ဖြစ်တယ်။ ၅၀၅ မှာလည်း သက်သေနှစ်ယောက်ကို စစ်ဖြစ်တယ်။ကိုနိုင်လင်းအမှုမှာတော့ သက်သေတစ်ယောက်စစ်ဖြစ်တယ်။ ကိုအောင်စိုးမင်းအမှုမှာလည်း သက်သေနှစ်ယောက်စီစစ်ဖြစ်တယ်။ ဟုပြောသည်။

အဆိုပါအမှုများအား စစ်ဆေးမေးမြန်းမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိသည်ဟု ရှေ့နေဒေါ်နွဲ့နွဲ့ငြိမ့်က ပြောသည်။

ဖမ်းဆီးခံထား၇သူ (၄) ဦးမှာ အနိုင်၇ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဟောင်းဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းနှင့် ဂွမြို့နယ်မှ ကိုနိုင်လင်းတို့ဖြစ်ကြသည်။

၄င်းတို့ထဲမှ ကိုနိုင်လင်းအား ၅၀၅ (က)၊ ဦးရဲခေါင်ညွန့်အား ၅၀၅ (ခ)နှင့် အားပေးကူညီမှုပုဒ်မ ၁၁၄၊ ဦးလူနီအား ၅၀၅(ခ)နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ကိုအောင်စိုးမင်းအား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ငြိမ်းစုစီ ပုဒ်မ- ၁၉ တို့ဖြင့် တရားစွဲဆိုထားကြောင်းရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်ကပြောသည်။

ဖမ်းဆီးခံ၇သူများအားလာမည့် မေလ (၆) ရက်နေ့ ရုံးချိန်းတွင် အမိန့်တစ်ခုအား ချမှတ်နိုင်ရန် မျှော်လင့်ထားသည်ဟုကိုအောင်စိုးမင်း၏ ဇနီးဖြစ်သူ မနှင်းယုခိုင်ကပြောသည်။

မနေ့က ရုံးချိန်းမှာတော့ တရားလိုသက်သေတွေကို စစ်တယ်။ ကျမအနေနဲ့တော့ အမြန်ဆုံးလွတ်စေချင်တာပေါ့။လာမယ့်ရုံးချိန်းမှာတော့ သက်သေတွေကို စစ်ဆေးပြီးရင် အမိန့်တစ်ခု ချမယ်လို့ထင်တယ်။   ဟုပြောသည်။

၄င်းတို့သည် ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။

#NLD/နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.