ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မေ ၃ ရက်တွင် ဆရာ/ဆရာမများကို ကျောင်းတက်ရန်ညွှန်ကြားမှုမှာ ဇွန်လအတွင်း ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ရည်ရွယ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 793

နိရဉ္စရာ၊ မေ ၃/ ၂၀၂၁

သျှင်မင်းဇံ

 

ယနေ့ မေလ ၃ ရက်နေ့တွင် ရခိုင်မှ ကျောင်းဆရာ/မများ ကျောင်းပြန်တက်ရန် ညွှန်ကြားမှုမှာ ဇွန်လအတွင်း ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

 

အမည်မဖော်လိုသူ ကျောင်းအုပ်ကြီးက ဟုတ်တယ်။ ဒီနေ့ကျောင်းတက်ရတယ်။ ဆရာတို့ ဇွန်လအတွင်း ကလေးတွေ ကျောင်းတက်နိုင်အောင်လို့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်သွားဖို့ပါဟု အမည်မဖော်လိုသူ ကျောင်းအုပ်ကြီးက နိရဉ္စရာကို ပြောသည်။

 

ယနေ့ မေလ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ ကျောင်းဆရာ ဆရာမများ သက်ဆိုင်ရာ တာဝန်ကျ ကျောင်းအသီးသီးသို့ လာရောက်ကြရန် ပြည်နယ် ပညာရေးမှူးက ညွှန်ကြားထားပြီး ဆရာ ဆရာမများ အများစုမှာ ကျောင်းသို့ ရောက်ရှိလာကြသည်ဟု သိရသည်။

 

၎င်းအခြေခံပညာစာသင်ကျောင်းများကို ဇွန်လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်ပြင်ဆင်ဖို့ ဆရာ/မ များ ကျောင်းပြန်တက်ရခြင်းဖြစ်ကြောင်း ဆိုသည်။

 

၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်အတွက် မေလ ၂၄ ရက်မှ မေ၃၁  ရက်အထိ ကျောင်းအပ်နှံမည့် နေ့အဖြစ် သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့မှ စ၍ အခြေခံပညာကျောင်းများကို ကျောင်းဖွင့်လှစ်သွားမည် ဖြစ်ကြောင်း နီးစပ်ရာ ဆရာ/မ များမှ တဆင့် သိရှိရသည်။

 

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာ၌ တာဝန်ကျနေသည့် ဆရာမတစ်ဦးက တာဝန်ကျတဲ့ ကျောက်ပြင်ဆိပ်ကို ရောက်ပါပြီ။ ကျောင်းပြန်တက်ရမယ်ဆိုလို့ ရောက်နေတာဟု ပြောသည်။

 

ကျောင်းဆရာ/မ များအနေဖြင့် ယနေ့တွင် ကျောင်းသို့ ရောက်ရှိကြောင်း လက်မှတ်ရေးထိုး ရမည်ဖြစ်ပြီး  နောက်နေ့များမှာ တာဝန်ခွဲကာ ကျောင်းပုံမှန်တက်ရောက်ရမည်ဖြစ်ကြောင်း ၎င်းက ကျောင်းအုပ်ဆရာက ပြောကြာသည်။

 

လက်ရှိ နစကကောင်စီ ပညာဝန်ရေးကြီးဌာနက ထုတ်ပြန်ရာတွင် ၅ နှစ် အရွယ်ကလေးငယ်များကို သူငယ်တန်း ( KG) သို့ အပ်နှံရန်နှင့် ၆ နှစ်အရွယ် ကလေးငယ်များကို ပထမတန်း (Grade -1) သို့ အပ်နှံရန် ဖြစ်သည်ဟု ပါရှိသည်။

ဆက်စပ် သတင်းများ