ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ မေ ၃/၂၀၂၁
၇ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပိန္နဲတောရွာတွင်ယနေ့ နံနက်က မြေမြုပ်မိုင်း ပေါက်ကွဲ၍ အသက် ၆၀ အရွယ် လူကြီးတစ်ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။
သေဆုံးသူမှာ ဦးခင်မောင်အေး(၆၂) နှစ်ဖြစ်ကြောင်း ကျေးရွာလူကြီးတစ်ဦးဖြစ်သူဦးမောင်သန်းအောင်က ပြောသည်။
“ မိုင်းပေါက်တာက ရွာအရှေ့ဘက်တောင်ကုန်းမှာ ပေါက်တာပါ။ မနက်ရ နာရီကျော်မှာ ပေါက်သံကြားပါတယ်။ ရွာသားတွေလည်း ကြောက်ပြီး မသွားရဲတာနဲ့ နံနက် ၁၁နာရီကျော်မှာ သွားရှာကြတော့ ခြေထောက်တစ်ဖက်ပြတ်ပြီး တောင်ကုန်းပေါ်မှာ သွေးလွန်သေဆုံးနေတာကိုတွေ့၇ပါတယ်” ဟု ၎င်းက ပြောသည်။
သူ့အလောင်းအား ယနေ့ ညနေ ၃ နာရီခန့်တွင် ရွာသို့ သယ်ဆောင်လာပြီးရွာသုဿန်တွင် သဂြိုလ်လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးခင်မောင်အေးသည် ယနေ့နံနက် ဟင်းရှာ၊ ထင်းခုတ်ရန်သွားခဲ့ခြင်းဖြစ်ကြောင်း၊၎င်းမှာ မုဆိုးဖိုဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲသည့်တောင်ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း ၎င်းတောင်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့မှုများရှိကြောင်း ၎င်းကျေးရွာလူကြီးကပြောသည်။