ချစ်အိလှိုင်
နိ၇ဉ္စရာ၊ မေ ၄/ ၂၀၂၁
၇ခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်တွင် ရပ်ကျေးအုပ်စုအလိုက် ပြည်သူ့စစ် ပြန်ဖွဲ့စည်းရန် လူစာရင်း တောင်းခံနေကြောင်း မာန်အောင်မြို့နယ်မှ ကျေးရွာကောင်စီအုပ်ချုပ်ရေးမှူးနှစ်ဦးက အတည်ပြုပြောကြားသည်။
ပြည်သူ့စစ်ဖွဲ့ရန်အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ဧပြီ ၂၉ ရက်နေ့က ရပ်ကျေး အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအားဖိတ်ခေါ် ပြောဆိုခဲ့ကြောင်း သူတို့က ပြောသည်။
မာန်အောင်မြို့ပေါ် ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူးတစ်ဦးက“ န၀တ၊ နအဖခေတ်တုန်းက ပြည်သူ့စစ်မှာပါခဲ့တဲ့လူတွေနဲ့ နောက်ထပ်အသစ်တွေ စာရင်းထပ်ကောက်တာပေါ့။ အဲဒီမှာ သေသွားတဲ့လူတွေ၊ မရှိတော့တဲ့ လူတွေနေရာမှာအစားထိုးတာပေါ့” ဟု ပြောသည်။
ကျေးရွာများနှင့် ရပ်ကွက် တစ်ခုစီကို လူ ၃၀ စာရင်းကောက်ရန်မြို့နယ်စီမံ အုပ်ချုပ်ရေးမှူးရုံးမှ ညွှန်ကြားထားကြောင်း ၎င်းက ပြောဆိုသည်။
“ လူစာရင်းကောက်ပေမယ့် လူတစ်ရာမှာကိုးဆယ့်ခုနှစ်၊ ကိုးဆယ့်ရှစ် ရာခိုင်နှုန်းလောက်ကသဘောမတူဘူး။ တူတဲ့နှစ်ရာခိုင်နှုန်းကလည်း အပြည့်အ၀ သဘောတူတာမဟုတ်ဘူး။ နာမည်ထည့်ချင်ရင်ထည့်ပေးလိုက်သူတို့ခိုင်းတာတော့ မလုပ်ချင်ဘူးတဲ့။ အဲဒီတော့ ဦးလေးတို့လည်း ပါဝင်မယ့်သူမရှိဘူးလို့မှတ်ချက်ရေးပေးလိုက်ပါမယ်” ဟုပြောသည်။
စမုံတဲကျေးရွာကောင်စီအုပ်ချုပ်ရေးမှူးကလည်း ထိုသို့ ခေါ်ယူပြီးပြည်သူ့စစ်ဖွဲ့စည်းရန် လူစာရင်းတောင်းခံထားခြင်းမှာ မှန်ကန်ကြောင်း၊ အဆိုပါ ကိစ္စကိုကျေးရွာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို အသိပေးထားကြောင်း ပြောကြားသည်။
အဆိုပါ ပြည်သူ့စစ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး မာန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျန်အေးအား နိရဉ္စရာသတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်ရာ ၄င်းမှာ ဘုန်းကြီးကျောင်းသို့ရောက်ရှိနေသဖြင့် ဖြေဆိုနိုင်ခြင်းမရှိဟုဆိုကာ ဖုန်းချသွားခဲ့သည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးမင်းသန်းအား မေးမြန်းနိုင်ရန် ဆက်သွယ်သော်လည်းဖုန်းမအားသဖြင့် ဆက်သွယ်မှုမ၇ရှိသေးပါ။
မာန်အောင်မြို့နယ်စခန်းမှူးက“အဲဒါကလက်ရှိအချိန်ထိတော့ ကျွန်တော်တို့ဆီမှာ Confirm မဖြစ်ဘူးဗျ။ကျွန်တော်တို့ဆီကို အချက်အလက်(data) တွေမဝင်သေးဘူး။ သေသေချာချာမသိ၇သေးဘူးပေါ့နော်” ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီးမြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်သည့်ဦးဖေသန်းက “ တည်ငြိမ်အေးချမ်းမှုအရှိဆုံးလို့ယူဆ၇တဲ့အတွက် သူတို့ အဲဒီမှာ သွားဖွဲ့တာဖြစ်နိုင်တယ်။သို့သော်လည်း ဒီအချိန်ကာလမှာ ပြည်သူ့စစ်ဖွဲ့တာ ဘာအတွက် အသုံး ချမှာလည်းဆိုတာဟာနည်းနည်း စဉ်းစား၇ခက်တယ်။ တပ်မတော်နဲ့ အေအေနဲ့ ဒီလို ငြိမ်းချမ်းရေး ယူထားတဲ့ ကာလအတွင်းမှာဒီလိုအခင်းအကျင်းဟာ ထူးဆန်းနေတယ်ပေါ့။ စောင့်ကြည့်၇ပါမယ်” ဟုပြောသည်။
မာန်အောင်မြို့နယ်တွင်ကျေးရွာအုပ်စု ၃၆ အုပ်စုနှင့် မြို့ပေါ် ရပ်ကွက် (၆) သိ၇သည်။