Preview

ANP အနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်ဆောင်ရွက်မှု ရပ်နားမည်ဟုဆို

မေ ၀၅/ ၂၀၂၁ | ကြည့်ရှုသူ :8771
ရခိုင် သတင်း

ချစ်အိလှိုင်

နိ၇ဉ္စရာ၊မေ ၅/ ၂၀၂၁

 

၇ခိုင်အမျိုးသားပါတီ(ANP) အနေဖြင့် နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီနှင့်ဆက်စပ်ဆောင်ရွက်မှု ရပ်နားတော့မည်ဖြစ်ကြောင်း ယနေ့ စစ်တွေရှိပါတီဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောဆိုလိုက်သည်။

 

နို်င်ငံတော်အုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်မှုမှာ တောင်းဆိုထားသည့် အချက်များကိုတစ်စုံတစ်ရာလုပ်ဆောင်ပေးခြင်းမရှိခြင်း၊ ရခိုင်အမျိုးသားအကျိုးစီးပွားအား တစ်စုံတစ်ရာ အကျိုးစီးပွား တိုးတက်မှုမရှိသောကြောင်းဆက်လက်၍ ပူးပေါင်းလုပ်ဆောင်ရန် အစီစဉ်မရှိတော့ဟုယနေ့ နံနက် က ANP ဗဟိုရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

 

အခုအချိန်မှာ မြန်မာနိုင်ငံနိုင်ငံရေးအခြေအနေအရလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ် ဆောင်ရွက်နေရုံနဲ့ ကျွန်တော်တို့ ၇ခိုင်အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်နိုင်တဲ့အခြေအနေ မတွေ့ဘူး။ အဲလိုမလုပ်ဆောင်နိုင်တဲ့အတွက်ကျွန်တော်တို့ ဗဟိုအလုပ်မှုဆောင် အဖွဲ့အနေနဲ့မနေ့က နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ်ဆောင်ရွက်မှုတွေ ရပ်နားတယ် ဆိုပြီးတော့ဆုံးဖြတ်ချက် ချပြီးဖြစ်တယ်ဟုပြောသည်။

 

၄င်းတို့အနေဖြင့်နို်ငံတော်ကောင်စီတွင်ပါတီမှ ဒေါ်အေးနုစိန်ပါဝင်မှုမှာလည်းပါတီနှင့် တစ်စုံတစ်ရာ မသက်ဆိုင်ပဲ သူမ၏ ပုဂ္ဂိုလ်ရေးအ၇ ပါဝင်ခဲ့ခြင်းသာဖြစ်ကြောင်း၊၄င်းတို့ပါတီအနေဖြင့် မြောက်ဦး အစည်းအဝေးမှအချက်(၆)ချက်တောင်းဆိုခဲ့သည့်အပေါ်တွင်လည်း နစက ကောင်စီက တစ်စုံတစ်ရာဆောင်ရွက် ပေးမှုမရှိခဲ့သဖြင့်ယခုကဲသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းသူက ဆက်ပြောသည်။

 

နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှာပါဝင်ဖို့အတွက် ကျွန်တော်တို့ပါတီကို ကမ်းလှမ်းခဲ့တာမဟုတ်ဘူး။ ဒေါ်အေးနုစိန်ပါဝင်မှုသည်ဒေါ်အေးနုစိန်၏ ပုဂ္ဂိုလ်ရေးအ၇ ကမ်းလှမ်းမှုသည်အပေါ်မှာသာ ကျွန်တော်တို့ ပါတီအနေနဲ့ ပါတီရဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့တစ်စုံတစ်ရာ ဆက်စပ် ဆောင်ရွက်ခဲ့တယ်ဆိုတာကို ပြောတာဖြစ်ပါတယ်ဟုပြောသည်။

 

၄င်းတို့ပါတီအနေဖြင့်နို်င်ငံတော်အုပ်ချုပ်ရေးကောင်စီ၏ကမ်းလှမ်းချက်အပေါ် သဘောထားအမြင်ကို အချက်( ရ )ချက်ဖြင့် ဖေဖော်ဝါရီ (၄) ရက်နေ့က တောင်းဆိခဲ့ကြောင်းသိ၇သည်။

 

၄င်းတောင်းဆိုချက်များမှာ  (က)ရခိုင်အမျိုးသားပါတီလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှ(ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအားပြန်လွှတ်ပေးရန်၊ (ခ) ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့်ရေရှည်တည်တံ့ငြိမ်းချမ်းသော ပြည်နယ်တစ်ခုဖြစ်ပေါ်စေရန် ပြည်နယ်အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနေရာနှင့် ကောင်စီအဖွဲ့ဝင်(၂)နေရာအတွက် ရခိုင်အမျိုးသားပါတီအား ခန့်အပ်တာဝန်ပေးပါရန် ()ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာအများစုကို ရခိုင်အမျိုးသားပါတီမှ ခန့်အပ်နေရာပေးပါရန်(ဃ) ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ၀တီတိုင်း ဒေသကြီးတို့ရှိ စီမံအုပ်ချုပ်ရေးကောင်စီတွင်ရခိုင်အမျိုးသားပါတီမှ ကိုယ်စားပြုပါဝင်နိုင်ရေးကို ဆောင်ရွက်ပေးပါရန်(င) ULA/ AAအား အကြမ်းဖက်အဖွဲ့ကြေငြာထားခြင်းမှ ပြန်လည် ရုပ်သိမ်း ပေးပါရန် (စ) ယခင်အစိုးရမှ ဖမ်းဆီးထောင်ချခဲ့သောနိုင်ငံရေး အကျဉ်းသားများအား အကြွှင်းမဲ့ လွှတ်ပေးရန် (ဆ)ရန်ကုန်၊ မန္တလေးအပြင်ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသော တရားခံများဆိုင်ရာအမှုများကိုရုပ်သိမ်းပြီးဖမ်းဆီးထားခြင်းမှလွှတ်ပေးရန်တို့ဖြစ်သည်။

 

ယင်းအချက်များထဲမှနိုင်ငံတော် အုပ်ချုပ်ရေးကောင်စီမှ (က)နှင့်(င) အချက်တို့ကို လိုက်လျော ပေးခဲ့သည်ကိုတွေ့၇သော်လည်း ကျန်သည့်အချက်များအား လိုက်လျော့ ပေးမှုမရှိခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ၏ပြောပြချက်အရသိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.