Preview

AA မှ တပ်ဖွဲ့ဝင် ၃ဦးကိုဖမ်းဆီးဟု ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုက သတင်းဖော်ပြခြင်းမှာ မဟုတ်မှန်ဟုပြောခွင့်ရသူဆို

မေ ၀၆/ ၂၀၂၁ | ကြည့်ရှုသူ :2158
ရခိုင် သတင်း

နိရဉ္စရာ၊ မေ / ၂၀၂၁

 

ရက္ခိုင့်တပ်တော် ( AA)တပ်ဖွဲ့ဝင် သုံးဦးကို ယမန်နေ့က ဖမ်းဆီးမိသည်ဟု  ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune တွင် Police:3 members of Arakan Army held in Bandarban  ခေါင်းစဉ်ဖြင့်

 သတင်းဖော်ပြထားခြင်းမှာ မဟုတ်မှန်ကြောင်း အေအေပြောခွင့်၇သူဦးခိုင်သုခက ပြောကြားသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်ရာ မေးမြန်းရာ အဆိုပါ သတင်းမဟုတ်မှန်ကြောင်၊ယင်းဖြစ်စဉ်မျိုး ဖြစ်ပွားခြင်းမရှိကြောင်း ၎င်းကပြောကြားသည်။

 

 DhakaTribune သတင်းတွင် ိန်းသိမ်းခံထား၇သူများအနေဖြင့် ၎င်းတို့သည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်နေသည့် ပဋိပက္ခကြောင့် AA တွင် တပ်စခန်း၌ သင်တန်းတက်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှေင်လာခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

 

ဖမ်းဆီးခံ၇သူများမှာ Niwai (၂၉) နှစ်Chasi (၃၂) နှင့်  Chalumang (၂၈) နှစ်ဟု နာမည်များကို အင်္ဂလိပ်လို ဖော်ပြထားပြီး သုံးယောက်စလုံးမှာ ၇ခိုင်ပြည်နယ်ကဟု ဆိုသည်။

 

ရွာတော်ခရိုင် (ဘင်ဒရိုဘင်) ရဲစခန်းရဲအရာရှိ Shahidul Islam Chowdhury က ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်ရှိ  ဝေလာတောင်ဧရိယာကို လွန်ခဲ့သောရက်အနည်းငယ်က င်ရောက်ခဲ့ပြီး ၎င်းတို့ကိုတရားမဝင် ဝင်ရောက်မှု အက်ဥပဒေအရတရားစွဲဆိုမှုများပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။

 

ရဲနှင့်ဒေသခံသတင်းရပ်ကွက်များအဆိုအ၇ ဗုဒ္ဓဟူးနေ့ညနေခင်းတွင် ရွာတော်မြို့နယ် ဝင်ပေါက်ရှိ စစ်ဆေးရေးဂိတ်တာဝန်ရှိသူများသည် သံသယရှိသည့်ခရီးသည်များကို နေ့စဉ်ပုံမှန်စစ်ဆေးနေသည်။

 

သုံးဘီးတစ်စီးပေါ်မှ ခရီးသည်များအား ကနဦး စစ်ကြောမေးမြန်းစဉ်တွင် ၎င်းခရီးသည်သုံးဦးသည် မြန်မာနိုင်ငံရှိသူပုန်အဖွဲ့ ဝင်ဖြစ်ကြောင်းဝန်ခံခဲ့သည်။သူတို့ကိုဖမ်းဆီးပြီး ရဲလက်သို့ အပ်လိုက်သည်ဟုလည်း ဖော်ပြသည်။

 

ဖမ်းဆီးထားသူများက၎င်းတို့သည်   AA စ်တပ်စခန်း၌ သုံးလကြာသင်တန်းတက်ခဲ့ပြီး လက်ရှိ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်ို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြ၇ကြောင်း ရဲနှင့် ဒေသခံများကပြောကြားခဲ့သည်ဟု ဆိုသည်။

 

ဖမ်းဆီးထိန်းသိမ်းထားသူများထဲတွင် Chasi (၃၂) ၏အစ်မသည် ဘန်ဒရိုဘင် (ရွာတော်မြို့) ရှိ ဒူလူပါရာ ိယာတွင်နေထိုင်သည်။ သူတို့က ကိုဗစ်ကြောင့် လော့ဒေါင်းချထားချိန်တွင် ကော့စ်ဘဇားမှ သုံးဘီးကားဖြင့်  ဘင်ဒရိုဘင်သို့ ဝင်ရောက်လာကြသည်ဟုဆိုသည်။

 

 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.