Preview

ကျောက်တော်-ပလက်၀ ကုလားတန်မြစ်ရေကြောင်းလိုင်း ဆန်သယ်ယူခွင့်ပိတ်ပင်ကန့်သတ်ထားဆဲဟုဆို

မေ ၀၆/ ၂၀၂၁ | ကြည့်ရှုသူ :4901
ရခိုင် သတင်း

ဆောင်းဇာခြည်

နိ၇ဉ္စရာ၊ မေ ၆/ ၂၀၂၁

 

ကျောက်တော်-ပလက်၀ ကုလားတန်မြစ်ရေကြောင်းလိုင်းတွင် စက်လှေများကို ဧပြီလ ၂၂ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲခွင့် ပြုထားပြီဖြစ်သော်လည်း  ဆန်သယ်ယူခွင့်ကို ကန့်သတ် ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

စက်လှေများတွင် ကျောက်တော်မြို့နယ်မှ ပလက်၀မြို့နယ်သို့  အခြားကုန်ပစ္စည်းများ တင်ဆောင်ခွင့် ၇သော်လည်း ဆန်ကို တင်ဆောင်ခွင့် ပြုကြောင်း ပလက်၀မြို့မှ ဦးထွန်းဝေက ပြောသည်။

 

စက်လှေတွေ ကျောက်တော်ဘက်ကိုသွားမယ်ဆိုရင် အရင်ဆုံး မြို့နယ်အုပ်ချုပ်ရေးမှူးကိုစာတင်၇ပါတယ်။ ပြီးတော့မှ ၂၈၉ ကို စတင်ရပါတယ်။ ပြီးမှ သွားခွင့်ရပါတယ်။ အခုဆိုရင် ဆန်အိတ်တွေလုံး၀ တင်ယူခွင့်မရှိတော့ပါဘူး။ ၂၈၉ တပ်ရှေ့မှာ စာရေးထားပါတယ်။ စက်လှေတွေ ဆန်အိတ်တွေတင်ယူခွင့်မရှိဘူးဆိုပြီးတော့။ ဘာကြောင့်လဲတော့ မသိပါဘူး။ အဲဒီလိုရေးထားတဲ့ စာရွက် နှစ်ရွက်/သုံးရွက်လောက် ၂၈၉ တပ်ရှေ့မှာ ကပ်ထားပါတယ်ဟု ပြောသည်။

 

 ဆန်လုံး၀မတင်၇ဟုရေးသားထားသည့် ဆိုင်းဘုတ်အား ဧပြီလကတည်းက အဆိုပါ ၂၈၉ တပ်ရင်းရှေ့တွင်ကပ်ထားကြောင်း၊ ထိုကဲ့သို့ ဆန်မတင်ဆောင်၇သည့်အတွက် ပလက်၀မြို့တွင် ဆန်ရှားပါးကာ ဆန်ဈေးတက်ခြင်းဖြစ်ကြောင်းပလက်၀မြို့မှ ဒေသခံ ကိုစိုးမင်းက ပြောသည်။

 

 ဆန်လုံး၀မတင်၇ဆိုတဲ့ ဆိုင်းဘုတ်ကို ၂၈၉ စစ်ဆေးရေးဂိတ်ရှေ့မှာ ဧပြီလအတွင်းကနေ သူတို့ကပ်ထားတာကို တွေ့၇ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပလက်၀မှာ ဆန်ရှားပါးတာပါ။ စက်လှေ အသွားအလာကိုလည်း စစ်ဆေးပါတယ်။ ဒါကတော့သူတို့တာဝန်ပဲ နေမှာပေါ့နော်ဟု ပြောသည်။

 

ချင်းပြည်နယ် ပလက်၀မှ စက်လှေများက ၇ခိုင်ပြည်နယ် ကျောက်တော်သို့သွားမည်ဆိုပါက လက်၀မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်  ၂၈၉တပ်ရင်းသို့ စာရင်းကြိုတင်ပေးသွင်းပြီးမှ သွား၇သည့်အတွက် လွတ်လပ်စွာ သွားလာ၍ မ၇သေးကြောင်း ဦးထွန်းဝေက ဆက်ပြောသည်။

 

ပလက်၀မြို့ အရှေ့ဘက်ကမ်းတွင်  တပ်မတော်၂၈၉ တပ်ရင်း တစ်ခုတည်ရှိပြီး ယင်းတပ်ရင်းမှတပ်မတော်သားအချို့က ကျောက်တော်-ပလက်၀ ကုလားတန်မြစ်ရေကြောင်းအတိုင်း သွားလာ လှုပ်ရှားသည့် စက်လှေများအား ၄င်းတို့ စစ်ဆေးရေးဂိတ်တွင် ရပ်တန့်စေကာ မှတ်ပုံတင်များ စစ်ဆေးခြင်း၊ စက်လှေများတွင်ပါရှိသည့် ကုန်ပစ္စည်းပမာဏကိုကြည့်ကာ ငွေကျပ် တစ်သောင်း နှစ်သောင်း ုံးသောင်း စသဖြင့် အခွန်ငွေများ ပေးဆောင်၇ကြောင်း သူက ဆက်ပြောသည်။

 

ပလက်၀ဒေသခံများအနေဖြင့် ဆန်အိတ်များတင်ယူခွင့်မရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး ပလက်၀ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာအား နိ၇ဉ္စရာသတင်းဌာနက ဆက်သွယ်ခဲ့ရာ ၎င်းက အဲဒါတော့ တပ်က ခွင့်ပြုချက်ယူရမှာပါ။ဆန်ကကျတော့ ဘယ်လိုလုံခြုံရေးနဲ့ ပတ်သက်လည်း ဆိုတာကိုတော့ သူတို့ကို မေးမှသိပါမယ်။ ကျွန်တော်လည်း မသိပါဘူး။ ဒေသခံတွေ အဲဒီ ရေကြောင်းလိုင်းက စာတွေတင်ပြီးမှ သွားလာနေရတယ်ဆိုတာကလည်း စစ်တပ်ရဲ့ မူပါ။ သူတို့မူပဲ ဆိုတော့ ခွင့်ပြုချက်ယူ၇ပါမယ်ခင်ဗျား။ဟု ပြောသည်။

 

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်မှ ဒေသခံများမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှစားသောက်ကုန်ပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်းများကိုပါ အဓိက အားထားမှီခိုနေ၇ကြခြင်းဖြစ်သည်။

 

ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ယင်းရေကြောင်းလိုင်းအားပိတ်ထားခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်များက လွန်ခဲ့သည့်ဧပြီလ ၂၂ ရက်နေ့မှစ၍ တစ်ပတ်လျှင် နှစ်ရက်ကျ ပြန်လည်ပြေးဆွဲခွင့် ပြုထားခြင်းဖြစ်ကြောင်းသိ၇သည်။

#သယ်ယူပို့ဆောင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.