Preview

ရခိုင်တက္ကသိုလ်ကျောင်းသားသုံးဦးကို စွဲဆိုထားသောအမှုသုံးခုအထဲမှ ငြိမ်းစုစီအမှုကို ဒဏ်ငွေတပ်ပြီး ရုပ်သိမ်း

မေ ၀၆/ ၂၀၂၁ | ကြည့်ရှုသူ :4967
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မေ ၆ / ၂၀၂၁

 

၇ခိုင်မှ တက္ကသိုလ် ကျောင်းသားသုံးဦးကို စွဲဆိုထားသော အမှုများထဲမှ ငြိမ်စုစီဥပဒေပုဒ်မကို ဒဏ်ငွေ ၂၀၀၀၀ ကျပ် ကျခံစေပြီး အမှုအားရုပ်သိမ်းလိုက်သည်ဟု စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။

 

ငြိမ်းစုစီပုဒ်မက ပြီးသွားပြီ။ ဒဏ်ငွေနှစ်သောင်းပေးခဲ့၇တယ်။ အဲဒီအမှုတော့ ပြီးပြီနောက်သဘာ၀ဘေးနဲ့  ပုဒ်မ ၅၀၅ အမှု နှစ်မှု ကျန်သေးတယ်ဟုပြောသည်။

 

 ၎င်းကျောင်းသားသုံးဦးမှာ ၇ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့ဖြစ်ကြသည်။

 

၄င်းတို့သည်  ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ အတွင်းက၇ခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင်  လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကြောင့်  ငြိမ်းစုစီပုဒ်မ ၁၉ နှင့်ဖြင့် တရားစွဲဆိုခံခဲ့၇ခြင်း ဖြစ်သည်။

 

ကျောင်းသားများဖက်မှ ခွင့်ပြုချက်မရဘဲ အစိုးရအဖွဲ့ရုံးတွင် ဆန္ဒထုတ်ဖော်ခဲ့သည်မှာမှန်ကန်သည်ဟု ဝန်ခံသည့်အတွက် ဒဏ်ငွေ ၂၀၀၀၀ ကျပ် ချမှတ်ခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

 

 သူတို့ အစိုးရအဖွဲ့ ရုံးရှေ့မှာ ဆန္ဒပြခဲ့တာကို သူတို့က ဝန်ခံတယ်။ ခွင့်ပြုချက်မရဘဲဆန္ဒပြတာ မှန်ကန်တယ်လို့ ဝန်ခံတဲ့အတွက် တရားရုံးကနေပြီးတော့ ဒဏ်ငွေ ၂၀၀၀၀ စီချတယ်။ပထမဆုံးစွဲတဲ့ ငြိမ်းစုစီအမှုကတော့ ပြီးသွားပြီဟုပြောသည်။

 

 သို့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ၎င်းတို့ သုံးဦးနှင့် အတူ ဝန်းရံကျောင်းသား ကိုကောင်းထွန်း (တက္ကသိုလ်များ-ရန်ကုန်) တို့  ဦးဆောင်ပြီး စစ်တွေမြို့ပေါ်တွင် ပြည်သူများနှင့် အတူ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် တရားစွဲဆိုခံထား၇သည့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ တို့ ကိုမူ ဆက်လက်ရင်ဆိုင်ကြ၇အုံးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့်ဝန်းရံကျောင်းသား ကိုကောင်းထွန်း (တက္ကသိုလ်များ- ရန်ကုန်) တို့ကို  စစ်တွေမြို့နယ် ရဲစခန်းမှ ရဲမှူးဇော်နိုင်က တရားလိုလုပ်ပြီးတရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရှိ၇သည်။

 

 ဖမ်းဆီးခံထား၇သည့် ၎င်းကျောင်းသား ၄ ဦး၏ အမှုအား စစ်ဆေးရန် လာမည့် မေလ ၁၇ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်းသိရှိ၇သည်။

#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.