နိရဉ္စရာ၊ မေ ၇/၂၀၂၁
စစ်တွေတက္ကသိုလ်မှ ဆရာ ဆရာမ ၃၅ ဦးကိုအကြောင်းမဲ့ပျက်ကွက်နေသည်ဟုဆိုကာ တာဝန်ရပ်ဆိုင်းလိုက်သည်ဟု သတင်းရရှိသည်။
စစ်တွေတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာခင်မောင်ဇော်က လက်မှတ်ရေးထိုး ထုတ်ပြန် ထားသည့် စာထဲတွင် ၎င်းဆရာ ဆရာမ ၃၅ ဦးအား(၃-၅-၂၀၂၁) နေ့မှ စ၍ တာဝန်ယာယီ ရပ်ဆိုင်းလိုက်သည်ဟု ဖော်ပြသည်။
ထုတ်ပြန်သည့် ရုံးအမိန့်စာထဲတွင် အမှတ်(၃၈) အဆင့်မြင့်ပညာဦးစီးဌာန၏ ၅-၅-၂၀၂၁ ရက်စွဲပါ စာအမှတ် အဆင့်မြင့်/စီမံ/ ညွှန်ကြားချက်/၂၀၂၁ (၃၅၅ရ) ဖြင့် အကြောင်းကြားစာအ၇(၃-၅-၂၀၂၁) ရက်နေ့တွင် ရုံးတက်ရောက်ရန် အောက်ဖော်ပြပါ အကြောင်းမဲ့ပျက်ကွက်နေသူများအား(၃-၅-၂၀၂၁) ရက်နေ့မှ စ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်ဟု ဖော်ပြပါရှိသည်။
ယာယီတာဝန်မှ ရပ်ဆိုင်းခံလိုက်ရသူများအထဲတွင်ပါဝင်သည့် ဆရာ ဆရာမများမှာ ဒေါ်ရည်မွန်ဦး(တွဲဖက်ပါမောက္ခ၊ အင်္ဂလိပ်စာဌာန)၊ ဒေါက်တာဝင်းမြိုင် (တွဲဖက်ပါမောက္ခ၊ ပထဝီဝင်)၊ ဦးစစ်သူအောင်(ကထိက၊အဏ္ဍဝါသိပ္ပံ)၊ ဒေါက်တာ ကျော်မင်းနိုင်( တွဲဖက်ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာတင်တင်လတ်(ပါမောက္ခ၊ဒဿနိက)၊ ဒေါ်ယွန်းမှီမှီသင်း(နည်းပြ၊ဒဿနိက)၊ ဒေါက်တာစိုးစိုးသင်း(တွဲဖက်ပါမောက္ခ၊ ရူပဗေဒ)၊ဒေါက်တသူဇာအေး (ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာခင်မာယာ(တွဲဖက်ပါမောက္ခ၊ မြန်မာစာ)၊ဒေါက်တာ ခင်မြင့်အေး(ပါမောက္ခ (ဌာနမှူး)၊ ပထဝီဝင် စသည့် ဆရာ ဆရာမများ အပါအဝင် ၃၅ ဦးဖြစ်သည်။
(Photo Credit to Pyay Soe Oo)