Preview

စစ်တွေမြို့လယ်ချောင်းတူးဖော်ရေး ပြည်နယ်ကောင်စီပြင်ဆင်နေ

မေ ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :6089
ရခိုင် သတင်း

ထက်အောင်

နိရဥ္စရာ၊ မေ ၈/ ၂၀၂၁

 

 ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့လယ်ချောင်းကိုရေစီးရေလာကောင်းမွန်စေရေးအတွက် တူးဖော်မည့်ကိစ္စနဲ့ ဆက်စပ်ပြီး ၇ခိုင်ပြည်နယ်ပကစကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်း ၉ နာရီလောက်က မြို့လယ်ချောင်း၀ကို လာရောက်ကြည့်ရှုခဲ့ကြသည်ဟုသတင်းရရှိသည်။

 

ထိုသို့ လာရောက်ကြည့်ရှုရသည့်အကြောင်းအရာနဲ့ဆက်စပ်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်းက ကိုရီးယားဆိပ်ကမ်းတစ်ခုတည်းကို သွားကြည့်တာမဟုတ်ဘူး။ မြို့လယ်ချောင်းအ၀ ကနေ စတူးဖို့အတွက်ဈေးခြေဟိုဖက်ဒီဖက် ချောင်း၀ကိုသွားကြည့်တာပေါ့။ အဲဒီမြို့လယ်ချောင်းက ရေစီးရေးလာကောင်းမွန်ခြင်းမရှိတဲ့အတွက်အမိုက်တွေ၊ ဒိုက်တွေ ပေါတဲ့အတွက်ကြောင့် တူးဖော်မယ့်သဘောပါ။ အဲဒီချောင်းကို ပထမဆုံးတူးမှာကတော့နေရာ (၁၁) နေရာမှာ စက်အား၊ လူအားနဲ့ တူးမှာပေါ့။ စက်တွေမဝင်နိုင်တဲ့နေရာမှာ လူအားနဲ့တူးမယ်။စက်ဝင်လို့ရတဲ့နေရာမှာ စက်နဲ့တူးမှာပေါ့ ဟု ပြောသည်။

 

ဆက်လက်ပြီး မြို့လယ်ချောင်း၀ရှိရာBXT  မြို့ပြမြေယာဖော်ထုတ်ရေးစီမံကိန်းရှိမြို့လယ်ချောင်း၀ကို ဖြတ်ပြီး တည်ဆောက်ထားသော တံတားကိုလည်း လာရောက်ကြည့်ရှုကာ မည်သို့ပြုပြင်လုပ်ဆောင်သင့်သည်ကို သွားရောက်ကြည့်ရှုခဲ့ကြောင့် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင်ဦးသန်းထွန်းကဆက်ပြောသည်။

 

စက်လှေတွေမုန်တိုင်းခိုဖို့အတွက် ဝင်ထွက်သွားလာနိုင်အောင် ဘယ်လိုစီစဉ်ပေးနိုင်မလဲပေါ့။အခုကတော့ တံတားကပြီးသွားပြီ။ ပြီးသွားတာက လိုအပ်တဲ့အမြင့်မရှိဘူး။ အဲဒါကို ကုမ္မဏီနဲ့ညှိနှိုင်းပြီးတော့ ဘယ်လိုပြန်ပြီးလုပ်ရမယ်ဆိုတာ နောက်မှစဉ်းစား၇မယ့်ကိစ္စပါဟု ပြောဆိုသည်။

 

စစ်တွေမြို့လယ်ချောုင်းပြန်လည်သန့်ရှင်းကာရေစီးရေလာကောင်းမွန်းရေးအတွက် တူးဖော်မည့်အစီအစဉ်နှင့်ပတ်သက်ပြီး မိုးရာသီရောက်ရှိရန်နီးကပ်လာသောကြောင့် မြို့မှာရှိသော ချောင်း၊ မြောင်းများကို တူဖော်ခြင်းသည် ကောင်းမွန်သောလုပ်ရပ်ဖြစ်ကြောင်း သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားနေသူကိုရန်နိုင်စိုးက ပြောသည်။

 

လူတွေက အမှိုက်တွေကိုစည်းမဲ့ ကမ်းမဲ့ပစ်တယ်။ မြောင်းတွေ၊ ချောင်းတွေအတွင်းသို့ စွန့်ပစ်တာတွေကို ကျနော်တို့လည်း အမြဲမြင်နေ၇တယ်။ အခုက သဘာ၀ဘေးအန္တရာယ်ကတစ်နေ့တစ်ခြားဆိုးလာတယ်။ ဆိုတော့ မြို့ရေမြုပ်တွေအဆင့်ထိ ရောက်သွားတာတွေရှိတယ်။ စစ်တွေမြို့ကတော့ပင်လယ်ရေစီးကြောင်းထွက်ပေါက်ရှိတယ်။ မြို့ထဲမှာ ရေမြောင်းတွေ ပိတ်ဆို့ရင်တော့ မိုးရာသီမှာရေတွေကြီးလာမှာပေါ့။ နေအိမ်တွေအတွင်းကို ရေတွေ ရောက်တယ်ဆိုတာတော့မကောင်းပါဘူး။ ဒါကြောင့်တူးဖော်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်တာတော့ကောင်းပါတယ်။ အခုကြား၇တဲ့ အစီအစဉ်ကိုလည်းကောင်းတယ်လို့မြင်မိပါတယ်ဟု ဆိုသည်။

 

စစ်တွေမြို့တော်ရှိ မြို့လယ်ချောင်းကိုဖြတ်ပြီးတည်ဆောက်ထားသော တံတား စုစုပေါင်း (၁၁) ခုရှိကြောင်းလည်းသိ၇သည်။

 

ယနေ့ စစ်တွေမြို့လယ်ချောင်းကိုတူးဖော်ရေးနဲ့ဆက်စပ်ကာ ချောင်းအခြေအနေကို လာရောက်ကြည့်ရှုရာမှာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးအောင်ကျော်မင်းနှင့် အဖွဲ့ဝင်များပါဝင်ကြောင်း တွေ့၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.