Preview

မိုးရာသီနီးလာပြီဖြစ်သော်လည်း စစ်ဘေးရှောင်စခန်းတချို့တွင် လူနေအဆောင်များကို အမိုးအကာလုံအောင် ပြန်မပြင်နိုင်၍ စိုးရိမ်မှုများရှိနေ

မေ ၁၃/ ၂၀၂၁ | ကြည့်ရှုသူ :3987
ရခိုင် သတင်း

သျှင်မင်းဇံ

နိရဉ္စရာ၊၁/၂၀၂၁

မိုးရာသီနီးကပ်လာပြီ ဖြစ်သော်လည်း  ၇ခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းတချို့တွင် နေအိမ်များကို မပြုပြင်နိုင်ဘဲဖြစ်နေသဖြင့် မိုးတွင်းကာလနေရေးထိုင်ရေး အခက်အခဲဖြစ်မည်ကို အထူး စိုးရိမ်နေကြသည်ဟု စစ်ဘေးရှောင်များက ဆက်သွယ်ပြောကြားသည်။

မြေပုံမြို့နယ် ဟင်းခရွာကျေးရွာက စစ်ဘေးရှောင်ဒေါ်ကျော့နုမေက ဒီအိမ်တွေမှာ မိုးရာရောက်ရင် နေထိုင်ဖို့ လုံး၀အဆင်ပြေမှာ မဟုတ်တော့ပါ။ ဆောက်ထားတာ ၂ နှစ်ကျော်နေပြီ။အကုန်လုံး အပေါက်အပြဲတွေနဲ့ ဖြစ်နေပြီ။ မနေ့က မိုးရွာတော့ ဟိုကမိုးယို ဒီကမိုးယိုနဲ့ နေလို့မ၇ဘူး။ အကုန်လုံးမိုးစိုကုန်တယ်။ တာပေါ်လင်စတွေကအားလုံး ဆွေးနေကြပါပြီ အသစ်မပြင်နိုင်ရင် မိုးတွင်းမှာ ဘယ်လိုမှ နေရလို့ ရမှာ မဟုတ်ဘူး။ကူညီမယ့်သူတွေရှိရင် ကူညီကြပါလို့ ပြောချင်ပါတယ် ဟု နိရဥ္စရာကို ပြောသည်။

မိုးယိုရာမှ မိုးစိုကုန်သဖြင့် ကလေးငယ်ငယ်များ၊သက်ကြီးရွယ်အိုများ နေမကောင်းဖြစ်မည်ကိုလည်း စိုးရိမ်နေ၇သည်ဟု ဆိုသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်စခန်းများကိုပြန်လည် မပြုပြင်နိုင်၍ အခက်အခဲများနှင့် ကြုံတွေ့နေ၇သည့် အထဲတွင် စစ်တွေမြို့ဗုဒ္ဓဝိဟာရဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းလည်း ပါဝင်သည်ဟု စခန်းတာဝန်ခံ ဦးကျော်လှက ပြောသည်။

အခက်ခဲတွေတော့ ရှိပါတယ်။ အဓိက မိုးကျလာရင် နေဖို့အဆောင်တွေ လိုပါတယ်။ စားရေး သောက်ရေးကလည်း အခက်အခဲရှိပါတယ်။ မိုးမရွာည်း စခန်းမှာ ရေအခက်အခဲ မိုးရွာရင်လည်းနေစရာ နေရာအခက်အခဲဖြစ်နေပါတယ်ဟု ပြောသည်။

စခန်းကို အသေအချာ မပြုပြင်နိုင်ပါက ယခုနှစ်မိုးရာသီတွင် နေထိုင်ရန် အဆင်ပြေမည်မဟုတ်ကြောင်း၊        

စားရေးသောက်ရေး အခက်အခဲကြုံတွေ့နေရချိန်တွင် လူနေအိမ်များကိုပြုပြင်ရန်မတတ်နိုင်၍ စိတ်မကောင်းဖြစ်မိကြောင်း အမ်းမြို့ ပဲပဒုံစစ်ဘေးစခန်းဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းချိုက ပြောသည်။

ဒီစခန်းမှာက စ်ဘေးရှောင် လေးထောင်ကျော်လောက်ခိုလှုံနေထိုင်နေကြပါတယ်။

အဆောင်တွေကိုတော့ အများအားဖြင့် ါး ဓနိနဲ့သာ ဆောက်လုပ်နေကြတာဖြစ်တဲ့ အတွက် နှစ်တိုင်း မိုးမကျမီ ပြန်လည်ပြုပြင်ဖို့ လိုပါတယ်။ အခုဆိုရင် မိုးလည်းလာတော့မယ်ဆိုတော့ယိုင်လဲ ယိုယွင်းပျက်စီးနေတဲ့ နေအိမ်အဆောင်တွေကို အမြန်ပြင်ဖို့ လိုနေပါတယ်။ မိုးတွင်းမှာ လူနေထိုင်ဖို့ အဆင်ပြေအောင် အဆောင်တွေကို အမြန် ပြုပြင်၇ပါမယ်ဟု ပြောသည်။

၎င်းစစ်ဘေးရှောင်စခန်းအခြေအနေနှင့် ပတ်သက်၍ လွန်ခဲ့သည့်အပတ်ကပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအား  တင်ပြခဲ့သော်လည်း ယခုချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း ရှိကြောင်း၎င်းက ဆက်ပြောသည်။

၇ခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာခြောက်လခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း အများစု စစ်ဘေးရှောင်များမှာ မူလနေထိုင်ခဲ့ရာကျေးရွာများသို့ မပြန်နိုင်ဘဲ ဖြစ်နေကြ၇သည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ၏ စာရင်းအ၇ လုံခြုံရေးနှင့်စားနပ်ရိက္ခာ အခက်အခဲကြောင့် နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင် (၁)သိန်းကျော်ခန့် စစ်ဘေးရှောင် စခန်းများတွင် ဆက်လက် ရှိနေသေးသည်ဟု သိ၇သည်။

နေရပ်များသို့ ပြန်သူတစ်ချို့ ရှိသော်လည်း ၎င်းတို့မှာ အစိုး၇၏ အကူအညီမပါဘဲ ကိုယ့်စရိတ်ဖြင့်ကိုယ် နေရပ်ပြန်နေကြသည်ဟုသိရှိ၇သည်။

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.