အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

စစ်တွေတွင် ဘင်္ဂလာပြန်တစ်ဦး၌ ကိုဗစ်-၁၉ ထပ်တွေ့၊ ကိုဗစ်ဗီဇကွဲ/ မကွဲအတည်မပြုနိုင်သေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 1.6k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၁၄ / ၂၀၂၁

 

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ တစ်ဦးတွင် ကိုဗစ်-၁၉ ပိုး ထပ်မံတွေ့ရှိခဲ့ပြီး တွေ့ရှိသောလူနာများ၏ ကိုဗစ်- ၁၉ မှာ ဗီဇကွဲ/ မကွဲအတည်မပြုနိုင်သေးဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက််တာစိုးဝင်းပိုင်က ပြောသည်။

 

ယခုထပ်တွေ့ရှိသည့် လူနာမှာ အသက် ၅၉ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် သွားလာနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

 

ကျနော်တို့က ၃ရက်မှာတစ်ကြိမ်၊ ရက်မှာတစ်ကြိမ် ပြန်စစ်ရတဲ့အတွက် negative ထွက်ထားတဲ့ ၃၆ ယောက်ကို ဒီနေ့ ဒုတိယတစ်ကြိမ်စစ်တယ်။ အဲဒီဟာထဲက တစ်ယောက်ပြန်တွေ့တာပါ။ အခု ကိုဗစ်က ဗီဇကွဲတယ်၊ မကွဲဆိုတာကိုတော့ အတည်ပြုလို့မရသေးဘူး" ဟု ပြောသည်။

 

ပြီးခဲ့သော မေလ ၁၂ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်ရေးသွားလာနေသူ လူဦးရေ ၄၀ ကိုစစ်ဆေးခဲ့ရာ ၄ ဦး ကိုဗစ်ပိုး-၁၉ တွေ့ရှိခဲ့သည်။

 

ယခုပိုးတွေ့ရှိသူများမှာ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေလျက်ရှိပြီး သူတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်သည်ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

 

ရခိုင်တွင် ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ၃၇ ဦးသေဆုံးသွားပြီး ၄၂၆၄ ဦး ရောဂါကူးစက်ခံခဲ့ရသည်။

ဆက်စပ် သတင်းများ