Preview

ရန်ကုန်မှ ဂွမြို့နယ်သို့ အလည်လာသူ ဆရာဝန်တစ်ဦးအပါအဝင် ၃ ဦး ရေနစ်သေဆုံး

မေ ၁၅/ ၂၀၂၁ | ကြည့်ရှုသူ :3963
ရခိုင် သတင်း

ဆောင်းဇာခြည်

နိ၇ဉ္စရာ၊ မေ ၁၅/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သို့ ရန်ကုန်မှ အလည်လာသူ ဆရာဝန်တစ်ဦးအပါအဝင် ၃ ဦး ယမန်နေ့ညနေက ရေနစ် သေဆုံးသွားကြောင်း သတင်းရရှိသည်။

 

ရေနစ်သေဆုံးသွားသူ ၃ ဦးမှာ ဆရာဝန် ဦးမောင်ဇော်လတ် (၄၆) နှစ် မထက်ရီလင်း (၁၉) နှစ်နှင့်  ဦးဇော်မျိုးမြင့် (၃၄) နှစ် တို့ဖြစ်ကြသည်။

 

၄င်းတို့သည် ယမန်နေ့ မေလ ၁၄ ရက်နေ့ ညနေပိုင်းက ဂွမြို့နယ်၊ ကြွေဂျိုင်ကမ်းခြေ၌ ရေဆင်းကူးရာမှ ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်းဂွမြို့နယ်တွင် လူမှုကူညီရေး လုပ်ငန်းများဆောင်ရွက်ပေးသည့်ကိုကျော်မြင့်မောင်က ပြောသည်။

 

 သူတို့က ဆွေမျိုးတွေ တော်စပ်ကြပါတယ်။ ရန်ကုန်က အလည်လာကြတာပါ။ဒါပေမဲ့ သူတို့ဇာတိကတော့ အဲဒီကြွေဂျိုင်ရွာကပါပဲ။ ရန်ကုန်မှာ ပြောင်းနေကြတာကြာပြီ။ အခုက အလည် လာတာပေါ့။ သူတို့မှာ အဲဒီရွာမှာ ကိုယ်ပိုင်အိမ် ရှိတယ်။ အဲဒီမှာ ရေဆင်းကူးရင်းရေနစ်ပြီး ဆုံးတာဟု ပြောသည်။

 

မထက်ရီလင်း ရေစနစ်ရာမှ ကျန်သူများသွားကယ်ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိ၇သည်။

 

ရေကူးတာက သူတို့ သုံးယောက်တည်းတော့မဟုတ်ပါဘူး။ သူတို့အဖွဲ့တွေ ပါပါသေးတယ်။ ရေနစ်တာကို သူတို့အဖွဲ့ကလည်း သိတယ်ပေါ့။ ရေစနစ်တာကကောင်မလေးက စနစ်တာလို့ သိရတယ်။ ကောင်မလေးကို လိုက်ကယ်ရင်းနဲ့ ကျန်တဲ့နှစ်ယောက်ပါ နစ်ကြတာပေါ့။အဲဒီကမ်းခြေက နက်လို့ ရေနစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီရာသီက လှိုင်းကြီးတယ်။ အောက်ရေဆွဲတယ်။အဲလိုမျိုးတွေရှိပါတယ်။ မသိတဲ့ ဧည့်သည်တွေအနေနဲ့တော့ မကူးသင့်ဘူး ဒီရာသီတွေမှဟု သူက ဆက်ပြောသည်။

 

လက်ရှိတွင် သေဆုံးသူ၏ အလောင်းများအား ကြွေဂျိုင်ရွာရှိ ၄င်းတို့၏နေအိမ်တွင် ထားရှိကြောင်း ၄င်းသေဆုံးသူ ၃ ဦးကို မေလ ၁၆ ရက်နေ့ နေ့လယ်ပိုင်း၌ ကြွေဂျိုင်ရွာ သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိ၇သည်။

 

 

ဓါတ်ပုံ-ကိုကျော်မြင့်မောင်

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.