Preview

ရမ်းဗြဲမြို့တွင် ရမ္မာ၀တီရိုးရာလှီပြိုင်ပွဲ (လှေပြိုင်ပွဲ)ကို မေ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်

မေ ၁၅/ ၂၀၂၁ | ကြည့်ရှုသူ :5341
ရခိုင် သတင်း

ချစ်အိလှိုင်

နိ၇ဉ္စရာ၊မေ ၁၅/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် မ္မာ၀တီရိုးရာလှီပြိုင်ပွဲ( လှေပြိုင်ပွဲ) ကိုလာမည့် မေလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြို့တွင်းထဲရှိ တန်းချောင်းထဲတွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိသည်။

 

ရမ္မာ၀တီရိုးရားလှီလှေပြိုင်ပွဲတွင် လှေပြိုင်ပွဲအပြင်ရခိုင်ရိုး၇ ပဒေသာကပွဲနှင့် ရခိုင်ရိုးရာကျင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုသော်ဇင်ထွန်းကပြောသည်။

 

ကျွန်တော်တို့လူငယ်တွေနဲ့မြို့မိ၊မြို့ဖတွေပူးပေါင်းပြီးလုပ်မှာပါ။ ဒီလှေပြိုင်ပွဲလုပ်၇တဲ့အကြောင်းအရင်းက အရင်တုန်းက  ကျွန်တော်တို့ ရခိုင်ဘုရင်ရေတပ်တော်အတွက် စစ်သားကောင်းတွေမွေးထုတ်ပေးတဲ့ အနေနဲ့လည်း လုပ်ခဲ့ကြတာလေ။ ရမ်းဗြဲမြို့ရဲ့သင်္ဂေတတစ်ခုလိုပါပဲ။ ကျွန်တော်တို့ရဲ့ ရိုးရာအစဉ်အလာကိုပြန်ဖော်ထုတ်နိုင်တဲ့အတွက် ကျွန်တော်တို့ ရမ်းဗြဲမြို့၊ သူမြို့သားတွေအတွက်လည်းဝမ်းသာမိပါတယ်ဟုပြောသည်။

 

အဆိုပါလှီ(လှေ)ပြိုင်ပွဲကို မြန်မာသက္ကရာဇ်၉၀၅ ( ခရစ်သက္ကရာ်ဇ် ၁၅၄၄) ခုခန့်မှစ၍ကျင်းပခဲ့ကြခြင်းကာ နောက်ပိုင်းတွင် နှစ်စဉ်နှစ်တိုင်းကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း၊လွန်ခဲ့သည့် ၂၀၁၇  ခုနစ်က နောက်ဆုံးအကြိမ်ကျင်းပခဲ့ကြောင်းသူကပြောသည်။

 

ပွဲလုပ်ရင်ငွေကုန်ကြေးကျများတာရှိတဲ့အတွက် ကျွန်တော်တို့ နှစ်စဉ်တိုင်းမကျင်းပနိုင်ခဲ့ကြဘူး။ သုံးလေးနှစ်တစ်ကြိမ်ကျင်းပခဲ့ကြတယ်။ကျွန်တော်တို့မြို့ကို အနားပေးတဲ့သဘောပေါ့။ ဒီနှစ်ကတော့ ပွဲကျင်းပဖြစ်အောင်ကြိုးစားနေကြပါတယ်ဟုပြောသည်။

 

၄င်းရမ္မာ၀တီရိုးရာလှီ(လှေ)ပြိုင်ပွဲကျင်းပခြင်းအားမြို့ခံတစ်ဦးအနေဖြင့် အထူးဝမ်းသာ ကြိုဆိုကြောင်းရမ်းဗြဲမြို့မှ စာရေးဆရာကိုယ်ရမ္မာ ပြောသည်။

 

ရမ်းဗြဲသားတွေအတွက်အပျော်ရွှင်ဆုံးပွဲပဲ။ ကောင်းပါတယ်။ ရိုးရာအစဉ်အလာကို ဆက်ပြီး ထိန်းသိမ်းနို်င်တဲ့အတွက်ကျွန်တော်တို့ ကြိုဆိုရမယ်။ အရင်ကတော့ ရွာတစ်ရွာလှေ တစ်စီးထွက်ပြိုင်ခဲ့ကြတဲ့ပွဲပါဟုပြောသည်။

 

အဆိုပါလှီ(လှေ)ပြိုင်ပွဲတွင် ရမ်းဗြဲမြို့နယ်တစ်ခုလုံးမှသာမက အနီးအနားမြို့နယ်များက ပြည်သူများပါ ပါဝင်ဆင်နွှဲခဲ့ကြသဖြင့် ရမ်းဗြဲမြို့လှီပြိုင်ပွဲမှာ အထူးစည်ကားကြောင်း သူကဆက်ပြောသည်။

 

ရမ်းဗြဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၆)ခုနှင့်ကျေးရွာပေါင်း (၂၁၀)ခန့်ရှိကြောင်းသိ၇သည်။

 

#ရိုးရာယဉ်ကျေးမှု အစဉ်အလာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.