သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြို့နယ်တရားသူကြီးမရှိ၍ တောင်ကုတ်NLDမှ ဦးမင်းအောင်အပါအဝင် ၄ ဦး၏အမှု လာမည့်မေလ၂၇ရက်နေ့သို့ ထပ်မံရုံးချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 6k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိုရဥ္စရာ၊ မေ ၁၈ / ၂၀၂၁

မြို့နယ်တရားသူကြီး အစည်းအဝေးသွားတက်သဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း  ဦးမင်းအောင် အပါအဝင် တရားစွဲခံထားရသူ ၄ ဦး အမှုအား လာမည့် မေလ ၂၇ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရှိရသည်။

တောင်ကုတ်မြို့ (NLD)မှ တရားစွဲဆိုခံထားရသူများအနက် ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုး၊ ဦးတင်သိန်းအောင်တို့အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ (၂၅)၊ ငြိမ်းစုစီ ပုဒ်မ (၁၉) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး၊ ကိုချစ်မောင်မောင်အား နိုင်ငံတော် အကြည်အညိုပျက်စေမှု ၀၅ (က) တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

၄င်းတို့ ၄ ဦးထဲမှ ဦးမင်းအောင်မှ ခလရ (၅၄၄) တပ်ထဲတွင် ထိန်းသိမ်းခံထားရပြီး၊ ဦးတင်သိန်းအောင်နှင့် ကိုချစ်မောင်မောင် တို့မှာ တောင်ကုတ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း သိရှိရသည်။

ကိုသန့်ဇင်ဖြိုးအား ဆေးစာအထောက်အထားများဖြင့် ပြီးခဲ့သော ရက်သတ္တ နှစ်ပတ်၊ သုံးပတ်ခန့်ကနေ အာမခံပေးထားကြောင်း ဒေါ်သိင်္ဂီမောင်က ပြောသည်။

ဖမ်းဆီးခံရသူများအနက် ဦးမင်းအောင်၊ ဦးတင်သိန်းအောင်၊ ကိုသန့်ဇင်ဖြိုးတို့သည် တပ်မတော်မှ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့မှုကြောင့် ဖေဖော်ဝါရီ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကိုချစ်မောင်မောင်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ