ဆောင်းဇာခြည်
နိရဥ္စရာ၊ မေ၁၈/ ၂၀၂၁
၇ခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်အတွင်း ခေတ်မီလက်နက်များ စမ်းသပ်ပစ်ခတ်မည့် အစီစဉ် ယနေ့ မေလ ၁၈ ရက်နေ့တွင်ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
မေလ ၁၉ ရက်နှင့်၂၀ ရက်နေ့တို့တွင် မြောက်ဦးမြို့နယ်ရှိ (၃၁) ရဲတပ်ရင်းမှ ခေါင်းဖြူကွင်းတောင်ကွင်းဘက်သို့ ခေတ်မီလက်နက်များ စမ်းသပ်ပစ်ခတ်မည့် အစီစဉ်အား ယနေ့ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းကိုမြောက်ဦးမြို့နယ် ထွေ/အုပ်ရုံးမှ အကြောင်းကြားလာသည်ဟု မြောက်ဦးမြို့နယ်၊ ဆင်အိုးချေကျေးရွာ စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးစိန်လှမောင်က ပြောသည်။
“ဒီနေ့ မနက် ၉ နာရီလောက်က ထွေအုပ်က ဒုဦးစီးမိုးကျော်သူက ဖုန်းဆက်ပြီး ပြောလာပါတယ်။ ဒါကို ပြန်ရုပ်သိမ်းလိုက်ပါပြီဆိုပြီးတော့ပြောပါတယ်။ ကျွန်တော့်ကို ရွာမှာ တောတောင်တွေကို မသွားဖို့ ရွာသားတွေကို ထိန်းထားတာကိုလည်းသူက မလိုတော့ဘူးလို့ ပြောပါတယ်”ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်းစီ ပြောခွင့်၇သူ ဥပဒေချုပ် ဦးလှသိန်းအား ဆက်သွယ်မေးမြန်းရာ ရုပ်သိမ်း/ မသိမ်း သူတို့ မသိရှိဟု ပြောဆိုသည်။
မြောက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသို့ ဖုန်းဆက်သွယ်ရာတွင်လည်း လက်ခံဖြေဆိုခြင်း မရှိသဖြင့် စမ်းသပ်ပစ်ခတ်မည့် အစီအစဉ်ကို ရုပ်သိမ်း၇သည့် အကြောင်းအရင်းကို တင်ပြနိုင်ခြင်း မရှိသေးပါ။
အဆိုပါ ကျေးရွာ၁၀ ကျော်မှာ ရွာဟောင်းတောကျေးရွာ၊ မောင်သာကုန်း၊ ဆင်အိုးကြီး၊ ဆင်အိုးချေ၊ ကြာချေရွာ၊ချောင်းသစ်၊ ရော်မနီ၊ ပီပင်ကုန်း၊ သရက်အုပ်နှင့် သင်္ဘောဆိပ် (ချင်း) ကျေးရွာအပြင်မြောက်ဦးမြို့ပေါ်ရှိ လက်ကောက်ဈေးရပ်ကွက်လည်း ပါဝင်ကြောင်း သိ၇သည်။
ထုတ်ပြန်ခဲ့သည့် ယညွှန်ကြားစာတွင် “အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များအား မေလ ၁၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ခေတ်မီလက်နက်များ စနစ်တကျထားသိုထိန်းသိမ်းရေးနှင့်ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုပစ်ခတ်နိုင်ရေး (ဆင့်ပွား) (ပစ်ခတ်စဉ်ပါ) သင်တန်းအားသင်တန်းသားအရာရှိ၊ အခြားအဆင့် ၅၀ ဦးဖြင့် မေလ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင်လေ့ကျင့်ပစ်ခတ်မှုများအား ပြုလုပ်မည်ဖြစ်ပါ၍ ပစ်ခတ်မှုဖြစ်စဉ်ကို မေလ ၁၉ ရက်နေ့မှ ၂၀ရက်နေ့အထိ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာအုပ်စု၊ ခေါင်းဖြူတောင်ကွင်းအနီးအနားသို့သစ်၊ ဝါး၊ ထင်းများခုတ်ယူရန် ဖြတ်သန်းသွားလာခြင်းမပြုလုပ်စေရေး သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသို့အသိပေးအပ်အကြောင်းကြားသွားရန် ရည်ညွှန်းစာဖြင့် အကြာင်းကြားလာပါသည်။ သို့ဖြစ်ပါ၍ မြောက်ဦးမြို့နယ်၊ရွာဟောင်းတောကျေးရွာအုပ်စု၊ ခေါင်းဖြူတောင်ကွင်းရှိ လက်နက်လေ့ကျင့်ပစ်ခတ်မှုပြုလုပ်မည့်နေရာသို့ လူ၊ ကျွဲ၊ နွားများ ဖြတ်သန်းသွားလာခြင်း မပြုလုပ်စေရေး မိမိတို့၏ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းပြည်သူများအား အသိပေးသွားရန် အကြောင်းကြားပါသည်။” ဟု ရေးသားဖော်ပြထားသည်။