Preview

UEC ရွေးကော်အသစ်နှင့် တွေ့ဆုံပွဲ ANP မတက်ဖို့ဆုံးဖြတ်

မေ ၁၉/ ၂၀၂၁ | ကြည့်ရှုသူ :1357
ရခိုင် သတင်း

ထက်အောင် 

ိရဉ္စရာ၊မေ ၁၉/ ၂၀၂၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကအသစ်ဖွဲ့စည်းထားသောပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) နှင့်နိုင်ငံရေးပါတီများကြား ယခုလ ၂၁ ရက်နေ့ ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲသို့ ၇ခိုင်အမျိုးသားပါတီ(ANP) က တက်ရောက်မည်မဟုတ်ဟု သတင်းရရှိသည်။

 

ANP ဗဟိုအလုပ်အမှုဆောင်ကော်မတီ( CEC) က လက်ရှိ နိုင်ငံရေးအခြေအနေ အရပ်ရပ်ကြောင် ထိုသို့ မတက်ရန်ဆုံဖြတ်ခဲ့ကြောင်း၇ခိုင်အမျိုးသားပါတ မူဝါဒရေးရာကော်မတီဝင် တစ်ဦးဖြစ်သူ  ဦးထွန်းအောင်ကျော်က ပြောသည်။

 

 “ အကြောင်းကတော့ကိုယ့်ပါတီတွင်းမှာ မအားမလပ်တဲ့ ကိစ္စရပ်တွေလည်းပါတယ်။ နောက်ပြီး စစ်တွေကနေ ရန်ကုန်၊အဲဒီကနေ နေပြည်တော် ခရီးလမ်းတွေမှာလည်း လက်ရှိ အခြေအနေတွေက လမ်းပန်းဆက်သွယ်ရေးတွေရဲ့လုံခြုံရေးအခြေအနေတွေ၊ လောလောဆယ် ပေါက်ကွဲမှုတွေနဲ့အစစအရာရာ တွက်ချက်ပြီးတော့ဒီတစ်ကြိမ် မတက်တော့ဘူးလို့ ပါတီ CEC က ဆုံးဖြတ် လိုက်တယ်လို့သိ၇ပါတယ်ဟု ပြောပြသည်။

 

သို့သော် ၇ခိုင့်ဦးဆောင်ပါတီ (AFP) အနေဖြင့် UEC နှင့် တွေ့ဆုံပွဲ အစည်းအဝေးသို့ တက်ရောက်မည်ကို ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လွန်ခဲ့သည့် အပတ်ကနိရဉ္စရာသတင်းဌာနကို ပြောထားသည်။

 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဖိတ်စာရောက်မရောက်ကိုမသိ၇သေးကြောင်း ပါတီ ဥက္ကဌ ဦးကျော်မြင့်က ပြောဆိုထားသည်။

 

နိုင်ငံရေးအပါတီများနှင့်ရွေးကောက်ပွဲကော်မရှင်သစ်(UEC) နှင့်  တွေ့ဆုံပွဲကိုတရားဝင် မှတ်ပုံထားသော နိုင်ငံရေးပါတီ  (၉၃) ပါတီ ရှိသည့်အနက် ပါတီနှစ်ခုကယာယီရပ်ဆိုင်းထားသည့် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် (၉၁) ပါတီလုံးကိုဖိတ်ကြားထားကြောင်းပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲမှာ UECပြောခွင့်၇ဦးခင်မောင်ဦးက ပြောထားသည်။ 

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.