Preview

ဘူးသီးတောင်မြို့နယ်တွင် တောင်ယာလုပ်သူ ခမီအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရသည်မှာ ဟုတ်မှန်ကြောင်း ရဲအတည်ပြု

မေ ၂၀/ ၂၀၂၁ | ကြည့်ရှုသူ :820
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၂၀/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ဂန္ဓာရီကျေးရွာမှ ခမီအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု မိသားစုများနှင့် ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားသည်။

 

အဓမ္မပြုကျင့်ခံ၇ခြင်းဖြစ်သည်ဟုဖခင်ဖြစ်သူကသမီးက နေပူတယ်ဆိုပြီးတော့တောင်အောက်က သစ်ပင်ရိပ်မှာ အနားယူနေတယ်။ အမေက တောင်ထက်က ယာမှာ ဝါးခုတ်နေတယ်။ အဲဒီမှာ မူဆလင်တစ်ယောက်လာပြီးတော့ အဓမ္မကျင့်သွားတယ်။ သမီးက အမေကိုအော်ခေါ်တယ်။ အမေလိုက်သွားတဲ့အခါမှာ အဲကောင်ကထွက်ပြေးသွားတယ်ဟု ပြောသည်။

 

အဓမ္မပြုကျင့်ခံရသောအမျိုးသမီးမှာ ဂန္ဓာရီကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မိန်းမပျိုတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူနှင့်အတူရွာအနောက်ဘက် ၁မိုင်ခန့်တွင်ရှိသော တောင်ပေါ်သို့ တောင်ယာလုပ်ရန် သွားရောက်စဉ် အဓမ္မပြုကျင့်ခံ၇ခြင်းဖြစ်သည်ဟုဖခင်ဖြစ်သူက ဆက်လက် ပြောဆိုသည်။

 

အခုကတော့ ဆေးစစ်ဖို့ သမီးနဲ့ အတူ မိသားစုတွေနဲ့ အတူ  ဘူးသီးတောင်ဆေးရုံကို ရောက်နေပါတယ်။ ဆေးစစ်ဆေးမှုခံယူရန်ရောက်ရှိနေပေမယ့်  ဆရာဝန်ရောက်မလာတဲ့ အတွက် မစစ်ဆေး၇သေးဘူးဟု ယနေ့ ညနေ ၃ နာရီခွဲအချိန်ခန့်ကဆက်သွယ်စဉ် ဖခင်ဖြစ်သူက ပြောကြားခဲ့သည်။

 

၎င်းဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်ကဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်မှုမှာ ဘူးသီးတောင် မြို့နယ် လက်ဝဲဒက် ၊ ပြည်ရှည်အုပ်စု အိမ်ခြေ ၆၀ ခန့်ရှိသော မောင်နီဂူမူဆလင်ရွာ အနီးတွင် ဖြစ်သည်ဟု ဆိုသည်။

 

မုဒိမ်းမှုဖြစ်စဉ်မှာမှန်ကန်ကြောင်း ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာရဲစခန်းမှ စခန်းမှူး ဦးမင်းသိန်းက နိ၇ဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

 

ဖြစ်တာမှန်ပါတယ်။ တရားခံကိုကျတော့ကာယကံရှင်ကိုယ်တိုင်ကလည်း မသိကြဘူး။ မသိကြဘူးဆိုတော့ ဆက်စပ်ပြီးတော့ စုံစမ်းရမှာပေါ့။အခုကတော့ အမှုဖွင့်နေတုန်းပေါ့။ နောက်ထပ် နာရီဝက်လောက်နေရင်တော့ အမှုဖွင့်လို့ ပြီးမှာပါဟုယနေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်က ဆက်သွယ်မေးမြန်းစဉ်ဖြေဆိုသွားခြင်းဖြစ်သည်။

 

ဂန္ဓာရီကျေးရွာသည်ရခိုင်မျိုးနွယ်စုဝင် ခမီကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၆၀ ခန့်ရှိကြောင်း သိရှိ၇သည်။ 

 

ဂန္ဓာရီဆရာတော် အရှင်အာဒိစ္စကဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိ၇တာက သူတို့ သားအမိနှစ်ယောက်က တောင်ယာလုပ်ဖို့သွားကြတာ။အဲဒါမှာ သမီးက ညောင်းညာတယ်ဆိုပြီးတော့ တောင်အောက်ကို ဆင်းပြီးတော့ အနားယူတယ်။ သူအနားယူနေတဲ့အချိန်မှာ အဲဒီနားမှာ နွားကျောင်းနေတဲ့ အဲဒီကောင်က လာပြီးတော့ အဓမ္မပြုကျင့်တယ်ဟုပြောသည်။

 

ဆေးစစ်ချက်နှင့် ပတ်သက်ပြီး  ဆရာဝန်၏အတည်ပြုချက်ရယူနိုင်ရန် ဘူးသီးတောင်ဆေးရုံအုပ်သို့ နိ၇ဉ္စရာသတင်းဌာနမှ တယ်လီဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.