Preview

ကိုဗစ်ပြင်းထန်ကာလ ကျောက်ဖြူသို့ နိုင်ငံခြားသင်္ဘောများဝင်ထွက်မှုကိုတားမြစ်ပေးရန် ဆန္ဒပြတောင်းဆိုသူနှစ်ဦး ငွေဒဏ်ချမှတ်ခံရ

မေ ၂၀/ ၂၀၂၁ | ကြည့်ရှုသူ :2825
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊ မေ ၂၀/၂၀၂၁

ကိုဗစ်-၁၉ ၇ခိုင်တွင် ပြင်းထန်ကာလ ကျောက်ဖြူသို့ ဝင်ထွက်သွားလာနေသော ရေနံတင် သင်္ဘောများကိုတားမြစ်ပေးရန် တောင်းဆို ဆန္ဒပြ၍ ငြိမ်းစုစီပုဒ်မ-၁၉ဖြင့် တရားစွဲခံခဲ့၇သည့် ကိုမျိုးလွင်နှင့် ကိုမောင်သိန်းညွန့်တို့နှစ်ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးက ငွေဒဏ်သုံးသောင်းကျပ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း တင်းရရှိသည်။

အမ်းမြို့နယ် ဘာ၀ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလှုပ်ရှားသူ ကိုမျိုးလွင်က ကျွန်တော်ကတော့ မကျေနပ်ဘူး။ဒီငွေဆိုတာက ကျွန်တော်တို့ပိုင်ဆိုင်မှုပစ္စည်းတွေကို ရောင်းချပြီး ထွေအုပ်ရုံးမှာဆောင်၇တဲ့အပိုင်းပါလေ။ ကျွန်တော်တို့ငွေကို ကျွန်တော်တို့ တန်ဖိုးထားတယ်။ ကျွန်တော်တို့ အခွင့်အရေးကို တောင်းခဲ့တဲ့အတွက်အခုလို့ဖြစ်ခဲ့တာ။ဒါကြောင့် ကျွန်တော်တို့ကလည်း ရှေ့ကို ဆက်ပြီး ဒီထက်လှုပ်ရှားနေမှာပါပဲဟုပြောသည်။

အမ်းမြို့နယ် ဘာ၀ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလှုပ်ရှားသူ ကိုမျိုးလွင်နှင့်ကျောက်ဖြူ မြို့နယ်မှ လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသူ ကိုမောင်သိန်းညွှန့်တို့ကို  ၇ခိုင်တွင် ကိုဗစ်-၁၉ ပြင်းထန်နေသည့်အချိန်ကာလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ပြည်ဝင်ခွင့်ပိတ်ထားသော်လည်းကျောက်ဖြူမြို့နယ်တွင် ရေနံတင်သင်္ဘောများဖြင့် နိုင်ငံခြားသားများ အဝင်အထွက်ရှိနေသည်ကို တားမြစ်ပေးရန်  ၂၀၂၀ ခုနစ် ဧပြီလ ၈ ရက်နေ့က ကျောက်ဖြူမြို့တွင် ဆန္ဒပြ တောင်းဆိုခဲ့သည်။


ထိုသို့ ဆန္ဒပြတောင်းဆိုသည့် တွက် နောက်တစ်နေ့ဧပြီလ ၉ ရက်နေ့တွင် အမှုဖွင့် တရားစွဲဆို ခံခဲ့၇ကြ၇သည်။

ဒီအမှုကငွေဒဏ်သုံးသောင်းမဟုတ်ရင်ထောင်ဒဏ်သုံးလချလို့၇တဲ့ ပုဒ်မပေါ့လေ။ ကျွန်တော်တို့ နှစ်ယောက်တည်းက စည်းကမ်းနဲ့အညီလုပ်ခဲ့ကြတာ။မတ်လ ၂၉ ရက်နေ့က ခွင့်ပြုချက် ယူခဲ့သေးတယ်။ သူတို့ ခွင့်မပြုလို့ ကျွန်တော်တို့လည်း ခွင့်မပြုလည်းလုပ်မယ်ဆိုပြီးလုပ်ခဲ့တာ။ ကျွန်တော်တို့ ကျောက်ဖြူမြို့အတွက် စိုးရိမ်ခဲ့တဲ့အတွက်ပေါ့ဟုပြောသည်။


၄င်းတို့နှစ်ဦးသည် ရေနံတင်သင်္ဘောများ ဝင်ထွက်မှုကို တားမြစ်ရန်သာမက ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အချိန်နှင့် တပြေးညီသိရှိစေရန် အင်တာနက်ကိုပြန်ဖွင့်ပေးရန်၊ တိုက်ပွဲများရပ်ဆိုင်းပြီး နိုင်ငံရေးအရ အဖြေရှာရန် နှစ်ဖက်လက်နက်ကိုင်များအား တောင်းဆိုသည့် ဗွီနိုင်းများကိုင်ဆောင်ကာဆန္ဒပြခဲ့ကြသည်။

#သဘာဝပတ်ဝန်းကျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.