ထက်အောင်
နိရဉ္စရာ၊ မေ ၂၁/၂၀၂၁
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) အသစ်နှင့်နိုင်ငံရေးပါတီများ ယနေ့ပြုလုပ်သည့် အစည်းအဝေးသို့ ၇ခိုင်ပြည်နယ်မှ ပါတီ ၅ ပါတီအပါအဝင်စုစုပေါင်း ၅၉ ပါတီတက်ရောက်ခဲ့သည်ဟု သတင်းရရှိသည်။
ရခိုင်ပြည်နယ်မှ တက်ရောက်ခဲ့သည့်ပါတီများမှာ မြိုတိုင်းရင်းသားပါတီ၊၇ခိုင့်ဦးဆောင်ပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ၇ခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့ဖြစ်ကြသည်။
မူလက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကဖိတ်ကြားထားသည့် (၉၁) ပါတီ အနက် (၆၂) ပါတီက ဆွေးနွေးရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မည်ဟုအကြောင်းပြန်ထားသော်လည်း ယနေ့ အစည်းအဝေးသို့ တက်ရောက်လာချိန်မှာ(၅၉) ပါတီသာ တက်ရောက်ခဲ့ပြီး (၃) ပါတီမှာ တက်ရောက်ဖို့ ပျက်ကွက်ခဲ့ကြောင်းယင်းအစည်းအဝေးမှာ သတင်းသွားရောက်ယူနေသည့် သတင်းထောက်တစ်ဦးက ပြောသည်။
တွေ့ဆုံဆွေးနွေးကိုယနေ့မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည်။
စာရင်းပေးထားပြီးမှ တက်ရောက်ရန်ပျက်ကွက်သောပါတီများမှာ လမ်းပြကြယ်ပါတီ၊မြန်မာအမျိုးသားကွန် ဂရက်ပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တို့ဖြစ်ကြောင်း သိ၇သည်။
ယနေ့တွေ့ဆုံပွဲသို့ ရခိုင်မှ ပါတီနှစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ တက်ရောက်ခြင်းမရှိဟု သိ၇သည်။
Photo credit- U Tun Facebook