- Web Master
- ၁၉ မေ ၂၀၂၂
ထက်အောင်
နိရဉ္စရာ၊ မေ ၂၆/ ၂၀၂၁
ယနေ့တွင် ကျရောက်သည့် (၈) နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို သံတွဲ့မြို့တွင် ယနေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
သံတွဲမြို့ ဒွာရာဝတီမြို့တော်ခန်းမ၌
ကျင်းပပြုလုပ်ခဲ့သော ရခိုင်အမျိုးသားနေ့နှင့် ပတ်သက်ပြီး
သံတွဲမြို့ ရခိုင်အမျိုးသားနေ့
ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်မိမိခိုင်က “ ကျမတို့က ရခိုင်လူမျိုးတွေဖြစ်တဲ့အတွက်
ဒီရခိုင်အမျိုးသားနေ့ဆိုတာကို
ကျောက်ဖြူညီလာခံမှာတုန်းက
ဒီနေ့ ဆိုတာကို သတ်မှတ်ထားတယ်ဆိုတာ ကျမတို့ကသိတယ်။
ဒါပေမယ့် ရခိုင်အမျိုးသားနေ့ဆိုတာ ဒီလိုသတ်မှတ်ထားတယ်ဆိုတဲ့အကြော
သံတွဲမြို့မှာပြုလုပ်သည့်
ရခိုင်အမျိုးသားနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော
“ ရခိုင်အမျိုးသားနေ့
ရောက်တိုင်းရောက်တိုင်းကို ရခိုင်အမျိုးသားနေ့ဆိုတဲ့အထိမ်း
သံတွဲမြို့ပေါ်မှာ လွန်ခဲ့သည့် နှစ်များကမကျင်းပဖြစ်သော်လည်း ပြီးခဲ့သော ၂၀၁၄ ခုနှစ် ကျောက်ဖြူညီလာခံအပြီးတွင် သံတွဲမြို့နယ် ဂျိတ္တော၊ ပုလဲရတနာဘုန်းတော်ကြီး ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။
သံတွဲမြို့မှာ ယနေ့ပြုလုပ်သည့် ရခိုင်အမျိုးသားနေ့ကို နံနက် ၉ နာရီမှ စ၍ နေ့လည် ၁၁ နာရီကျော်အထိ (၂) နာရီကျော်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်အမျိုးသားနေ့ကို ၂၀၁၄ ခုနှစ်က ကျောက်ဖြူတွင် ပြုလုပ်သည့် ရခိုင်အမျိုးသားညီလာခံတွင် မဟာမုနိရုပ်ရှင်တော်မြတ်ကို ဘုရားသွန်းလောင်းပြီးစီးခဲ့သည့် ကဆုန်လပြည့်ကျော်တစ်ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ရာမှ နှစ်စဉ် ကဆုန်လပြည့်ကျော် တစ်ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ်ကျင်းပကြသည်ဟု သိရှိရသည်။
Photo-ဇွဲထက်မာန်