Preview

တောင်ကုတ်မြို့နယ်ပန်းတင်ကျွန်းတွင် ဒီရေအရှိန်ကြောင့် ရွာတွင်းရှိ လမ်းကျိုးပေါက်၍ ရွာနှစ်ခြမ်းဖြစ်သွားခဲ့ဟုဆို

မေ ၂၈/ ၂၀၂၁ | ကြည့်ရှုသူ :5971
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊ မေ ၂၈/ ၂၀၂၁

 

မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ပန်းတင်ကျွန်း၊ အမော်ရွာတွင် ယမန်နေ့မေလ ၂၆ ရက်နေ့ ညအချိန်က ဒီရေအရှိန်ကြောင့် ကျေးရွာအတွင်း ဆက်သွယ်ထားသည့်လမ်းပြိုပျက်သွားပြီး ရွာနှစ်ခြမ်းဖြစ်သွားသည်ဟု သတင်းရရှိသည်။

 

မေ ၂၆ ရက်နေ့က အိန္ဒိယနိုင် မြောက်ပိုင်း ဖြတ်ကျော်တိုက်ခတ်သွားသည့် ဆိုင်ကလုန်းမုန်တိုင်း ယာစ် (Yaas) အရှိန်ကြောင့် ဒီရေမြင့်တက်လာပြီး လမ်းကို တိုက်စားသွားသဖြင့် လူသွားလမ်းမမှာ ကျိုးပျက်သွားပြီး  အလျားပေ ၆၀၊ အနံ ပေ ၃၀ န့် အကျယ် ချောင်းဖြစ်သွားခဲ့သည်ဟု အမော်ကျေးရွာမှ ဒေါ်ခင်မြင့်သန်းက ပြောသည်။

 

အဒေါ်တို့ရွာနှစ်ခြမ်းကွဲသွားတာပါ။ အိမ်ခြေနှစ်ဆယ်ကျော်ဟိုဖက်ကမ်းပါသွားတယ်။ မုန်တိုင်းကြောင်း မိုးရွာတယ်။ ရေတွေလည်းတက်လာတယ်။ ရေက လေးပေ၊ငါးပေထိတက်ခဲ့တယ်။ညရောက်တော့ လမ်းက မြေပြိုကျပြီး ကျိုးပေါက်သွားတယ်။ ချောင်းတစ်ချောင်းဖြစ်သွားတာပဲ။ အခုဒီရေတက်ရင် ဟိုဖက်ဒီဖက်လှေနဲ့ကူးနေရတယ်။ မြေပြိုမှာလည်းကြောက်တယ်။စားရေးသောက်ရေးအခက်အခဲရှိတာပေါ့ ဟုပြောသည်။

 

၄င်းပန်းတင်ကျေးရွာတွင် အုပ်စုနှစ်ခုရှိပြီး ယင်းအုပ်စုနှစ်ခုပေါင်းထဲတွင်ကျေးရွာငယ် ၁၂ ရွာရှိကြောင်း၊ လူဦးရေ ၄၀၀၀ ကျော်နေထိုင်ပြီး လမ်းကျိုးပျက်သွားသဖြင့် သွားရေးလာရေး အခက်အခဲ ဖြစ်နေကြောင်း သိရှိ၇သည်။

 

ပင်လယ်နားနီးသဖြင့် မုန်တိုင်းနှင့်အတူ ဒီရေတက်လာရာမှ လမ်းကို တိုက်စားသွား၍ ကျိုးပေါက်သွားခဲ့သည်ဟု ပန်းတင်ကျေးရွာ စီမံအုပ်ချုပ်ရေးမှူး ဦးဟန်ရွှေကပြောသည်။

 

ကျွန်တော်တို့အခု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အဲဒီနေရာကို ရောက်နေကြပါတယ်။ရွာကဟိုဖက်မှာ အိမ်ခြေ ၂၆ ဆောင်ပါသွားတယ်။ ဒီဖက်အရှေ့ဖက်အုပ်စုကတော့ အိမ်ခြေ ၉၀ ကျော်ကျန်ခဲ့တယ်။ချောင်းဖြစ်သွားတယ်။ မုန်တိုင်းကြောင့် ဒီရေတက်လာရာက ရေတိုက်စားပြီး ရေကဆင်းစရာနေရာမရှိတော့မြေပြိုကျပြီးချောင်းဖြစ်သွားတာပါ။ ဟုပြောသည်။

 

၄င်းတို့ စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အခြေအနေကိုလေ့လာနေဆဲဖြစ်ကြောင်း၊ ဒေသခံများအား တက်နိုင်သလောက်ကူညီပေးသွားရန်စီစဉ်နေကြောင်း သူကဆက်ပြောသည်။

 

အဆိုပါပန်းတင်ကျွန်းမှာ တောင်ကုတ်မြို့၏ အနောက်ဖက် ရေမိုင်(၁၃)မိုင်ခန့်အကွာတွင်တည်ရှိပြီးဧရိယာစတုရန်းမိုင် (၃၅) မိုင်ခန့်ရှိပြီး အိမ်ခြေ ၁၀၀၀ ကျော်၊ လူဦးရေ ၀၀၀ ကျော်ခန့်နေထိုင်သည့် ကျွန်းတစ်ကျွန်းဖြစ်ကြောင်း သိ၇သည်။

 

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.