Preview

တေးသံရှင်ဖူးပွင့်သခင်၏ “အရိုးတွန်မေ” ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးသစ် မိတ်ဆက်ပွဲပြုလုပ်

ဇွန် ၀၅/ ၂၀၂၁ | ကြည့်ရှုသူ :9542
ရခိုင် သတင်း

သျှင်မင်းဇံ


နိရဥ္စရာ၊ ဇွန် ၅ / ၂၀၂၁

 

တေးသံရှင် ဖူးပွင့်သခင်၏ ပထမဆုံး တစ်ကိုယ်တော် ရခိုင်တေးစီးရီးသစ်တစ်ခွေဖြစ်သည့် အရိုးတွန်မေတေးစီးရီးသစ် မိတ်ဆက်ပွဲကိုယနေ့ နံနက် ၁၀ နာရီခန့်က စစ်တွေမြို့ အိုးတန်းရပ်ကွက် ငွေနဒီတိုက်တန်းလမ်း စံနန်းတော်ကဖီးတွင် ပြုလုပ်ခဲ့သည်။

 

ယခု မိတ်ဆက်တေးစီးရီးသည် တေးသံရှင် ဖူးပွင့်သခင်၏ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးသစ်ဖြစ်ကာ ရခိုင်အမျိုးသားရေး၊ အချစ်ရေး၊ ပရဟိတ စသည့် ၇သမျိုးစုံပါဝင်သည်ဟု သိ၇သည်။

 

တေးရေးသူများမှာ ဝင်းကိုခိုင်၊ ခိုင်မာဃ၊ ခိုင်မင်းသွီး၊ဂျေမင်း၊ ဘုန်းမြတ်၊ သျှန်းထက်၊ ဝင်းနန္ဒခိုင် တို့ဖြစ်ကြပြီး အဆိုတော် ခိုင်မင်းသွီးလည်း ပါဝင်သီဆိုထားသည်။

 

၎င်းတေးစီးရီးတွင် မျိုးဆက်တာဝန်၊ ကြည်ဖြူပါရေ၊ မင်းရှိမှ၊ စွယ်တော်ရွက်၊ မင်းဆိုးသမျှ၊ အရိုးတွန်မေ၊ လွမ်းသူသံစိုင်၊စော်မကျီ လူပျိုကြီး၊ ချစ်သူနန့်ရာ ဆိုကေ၊ ပရဟိတ မေတ္တာ၊ ပြန်ချစ်ကတ်မေ၊ မင်းအနားနားစသည့် တေးခြင်းပုဒ်ရေ ၁၂ ပုဒ် ပါဝင်သည်။

 

 

တေးသံရှင် ဖူးပွင့်သခင်က ပထမဆုံးဆိုတော့ နည်းနည်းတော့ အားနည်းချက်တွေရှိပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။နားထောင်ကြမဲ့ သူတွေ အနုပညာလောကက ဆရာသမားတွေနဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း ဝေဖန်အကြံပြုပေးစေချင်ပါတယ်။အဓိကတော့ ဝါသနာပါလို့ လုပ်ဖြစ်တာပါု နိ၇ဉ္စရာ သတင်းဌာနကို ပြောသည်။

 

၎င်းတေးစီးရီးအား ၂၀၂၀ ပြည့်နှစ်က စ၍ လုပ်နေခဲ့ရာ ကိုဗစ်ကပ်ရောဂါကြောင်း ရပ်နားထားခဲ့၇ပြီး ယခု ၂၀၂၁ ခုနှစ်တွင် ထုတ်လုပ်ဖြန့်ချီ၇ခြင်းဖြစ်သည်။

 

စီးရီးခွေမှာ ပြီးစီးနေပြီဖြစ်သော်လည်း တစ်ခွေကို ကျပ် ၂၀၀၀ ဈေးနှုန်းဖြင့်  ရခိုင်တပြည်လုံးရှိ မြို့များအား မိုးအလွန် တန်ဆောင်တိုင် မကျမီ ဖြန့်ဝေသွားရန် စီစဉ်နေကြောင်း ပြောကြားသည်။

 

ရခိုင်ဝါရင့် ဟာသ သရုပ်ဆောင်နှင့် စာရေးဆရာ ဗဂျီးကျော်က အနုပညာဟာ စိတ်ရဲ့ အစာဖြစ်တဲ့အတွက်  လူငယ်၊လူလတ်၊ လူကြီးတွေ အားလုံးခံစားနားဆင်နိုင်ပါတယ်။ ဒါကြောင့် အခုဆိုနေကြတဲ့ ရခိုင်က အဆိုတော်တွေလည်းကျေးဇူးတင်ပါတယ်။ နောက်တက်လာကြမဲ့ ရွက်ပုန်းသီးအဆိုတော်တွေလည်း ကြိုဆိုဂုဏ်ပြုပါတယ်လို့ပြောချင်ပါတယ်ဟု ပြောသည်။

 

ရခိုင်တေးစီးရီးခွေများကို CD ခွေများဖြင့်သာ ဖြန့်ဝေလည်း ရှိရာ ယခုခေတ်အတိုင်းအတာနှင့် အဆင်မပြေမှုများရှိနေသည့်အတွက်လူတိုင်းအလွယ်အကူ နားဆင်နိုင်အောင် ကြိုးစားလုပ်ဖို့ လိုအပ်ကြောင်း လူငယ်စာရေးဆရာ အောင်ကြည်မိုး(သင်းပုန်းတန်း) က အကြံပြုသည်။

 

ခွေစနစ်ကတော့ Up to Date မဖြစ်တော့ဘူးလေ။ ရခိုင်တေးစီးရီးတွေကို ခွေအစား လူတိုင်းအလွယ်တကူ ကြည့်၇ှုနားထောင်လို့ ၇နိုင်အောင် လုပ်ပေးစေချငပါတယ်။ တချို့က အမျိုးသားရေးအရအားပေးကြတယ်။ ခွေထိုးကြည့်ဖို့ စက်တွေ မရှိကြဘူး။ အဲတာဆိုရင် ဝယ်လိုက်တဲ့ သူအတွက်လည်းပိုက်ဆံဟာ အလကားဖြစ်တဲ့ အနုပညာသမားအတွက်လည်း အနုပညာ ချပြခွင့် မရလိုက်ဘူး။ ကျွန်တော်တို့ရခိုင်ဂီတ အများကြီး တိုးတက်လာအောင် ၇ခိုင်ဂီတ Channel လိုင်း တစ်ခု သီသန့်ရှိသင့်ပါတယ်ဟု အကြံပြု ပြောသည်။

 

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.