အောင်လင်းထွန်း
နိရဥ္စရာ၊ ဇွန်လ ၅ ရက်/ ၂၀၂၁
ယနေ့ ဇွန်လ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့သဘာ၀ပတ်ဝန်းကျင်နေ့ (World Environment Day) နေ့ အထိမ်းအမှတ်ဖြစ် Green Sittwe အဖွဲ့က စစ်တွေမြို့တွင် ကိုးရီယားဆိပ်ကမ်းတစ်လျှောက်တွင် အမှိုက်ကောက်ပြီး ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။
အမှိုက်ကောက်ခြင်းအစီအစဉ်ကို မိုးလေ၀သအခြေအနေကြောင့် ယနေ့ နံနက် ရ နာရီ ခွဲ အချိန်မှ စတင်ပြုလုပ်နိုင်ခဲ့သည်ဟု Green Sittwe အဖွဲ့မှ မလှမိုးတာရာလှိုင်က ပြောသည်။
"အမှိုက်ကောက်ဖို့ သတ်မှတ်ထားတာက ၆ နာရီအချိန်သတ်မှတ်ထားတယ်။ ဒါဘယ်မယ့် မိုးရွာလာကြောင့် ရ နာရီခွဲအချိန်မှာ ကိုရီးယားဆိပ်ကမ်း တံတားသစ်ကနေ တရားသီးစု ဘက်တစ်လျှောက် အမှိုက်ကောက်ခဲ့ပါတယ်" ဟု မလှမိုးတာရာလှိုင် ကပြောပါတယ်။
ကိုးရီယားဆိပ်ကမ်းတစ်လျှောက်အမှိုက်ကောက်လုပ်ငန်းပြုလုပ်ပြီး WorldEnvironment Day (ကမ္ဘာ့သဘာ၀ ပတ်၀န်းကျင်နေ့) နှင့်ပတ်သက်ပြီး စစ်တွေမြို့မဈေးတွင် လက်ကမ်းစာစောင် Pamphlet များ ဖြန့်ဝေခြင်းကိုလည်းပြုလုပ်ခဲ့သည်ဟု သိ၇သည်။
" လက်ကမ်းစာစောင်မှာ အဓိက World Environment Day နေ့၊ ဒီနေ့ဟာ သဘာ၀ ပတ်ဝန်းကျင် နေ့ဆိုတာဖော်ပြထားပါတယ်။ပြီးရင် တစ်ယောက်ချင်းအနေနဲ့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအတွက် ဘယ်လိုမျိုးလုပ်လို့၇လဲ၊ ကမ္ဘာကြီးက ဘယ်လိုပျက်စီးနေပြီလဲ၊ ဘယ်ဟာတွေကို လုပ်သင့်လဲ၊ ဘယ်ဟာတွေကိုမလုပ်သင့်လဲ၊ ဆိုတဲ့အကြောင်းအရာတွေကို ရခိုင်ဘာသာနဲ့ ရေးထားပါတယ်" ဟု သူမကထပ်လောင်းပြောဆိုသည်။
ဒီကနေ့ကျရောက်တဲ့ World Environment Day (ကမ္ဘာ့သဘာ၀ ပတ်၀န်းကျင်နေ့) မှာ အမှိုက်ကောက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို GreenSittwe အဖွဲ့မှဦးဆောက်ပြုကာ ဒေသခံအချို့ပါဝင်လုပ်ဆောင်ခဲ့သည်။
ယနေ့ ကောက်ခဲ့သည့်အမှိုက်တွေကို ယဉ်ကျေးမှုပြတိုက်နောက် အမှိုက်ပုံတွင် စွန့်ပစ်ခဲ့ကြောင်း သိ၇ပသည်။
သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး အိမ်သုံးစွန့်ပစ်ပစ္စည်းများအားသော်လည်းကောင်း တစ်ခြားစွန့်ပစ် ပစ္စည်းများကိုလည်းသော်လည်းကောင်း စနစ်တကျဖြင့် အမှိုက်ပုံးတွင် စွန့်ပစ်ရန် လိုအပ်ကြောင်း သူမက ပြောဆိုသည်။
ဓာတ်ပုံ- - Green Sittwe