Preview

၇ခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲ၍ သေဆုံးသူ (၄၉) ဦးနှင့် ဒဏ်ရာရသူ (၇၉) ဦးအထိရှိလာ

ဇွန် ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :5681
ရခိုင် သတင်း

အောင်လင်းထွန်း
နိရဥ္စရာ၊ ဇွန်လ ၇ / ၂၀၂၁
၇ခိုင်ပြည်နယ်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများပေါက်ကွဲမှုကြောင့် သေဆုံးသူ (၄၉) ဦးနှင့် ဒဏ်ရာရသူ (၇၉)ဦးအထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ သိ၇သည်။
အဆိုပါစာရင်းမှာ ၇ခိုင်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ယခုနှစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့အထိ ကောက်ယူထားသည့်စာရင်းဖြစ်သည်ဟု REC က ဆိုသည်။
ရခိုင်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့်အချိန်မှ ယခုနှစ် အစောပိုင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများပေါက်ကွဲမှုကြောင့် လူပေါင်း (၃၀) ကျော်သေဆုံးပြီး (၇၀) ခန့်ထိခိုက်ဒဏ်ရာရခဲ့သည်ဟု REC ၏စာရင်းများအရ သိ၇သည်။
အဆိုပါစာရင်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူဦးရေမှာ တိုးလာနေသည်ကိုတွေ့၇သည်။
REC မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “မိုင်းရှင်းလင်းရေးကို ထိထိရောက်လုပ်ရဖို့၊ မိုင်းအန္တရာယ်အသိပညာကို ကျယ်ကျယ်ပြန့်ပြန့်ထိထိရောက် ရောက်လုပ်ရဖို့၊ ပေးထားတဲ့ပညာတွေကို ရထားတဲ့ဗဟုသုတတွေနဲ့ လိုက်နာမှုတွေ မပေါ့မဆ မထီမဲ့မြင်မလုပ်ဖို့အရေးကြီးပါတယ်။ အဲဒီလိုမျိုးလုပ်မ လျှော့ချနိုင်မယ်လို့ကျနော်ထင်တယ်။ မဟုတ်လို့ရှိရင် ဒီလိုဆက်လက်ပြီး ပေါက်ကွဲမှုတွေဆက်လက်ပြီးရှိနေမှာဖြစ်ပါတယ်။” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းဖြစ်သည့် ဇွန်လ ၄ ရက်နေ့၊ နံနက် ၁ နာရီကလည်း ပုဏ္ဏားကျွန်းမြို့တွင် ဖားရှာသွားရာမှ ကောက်ယူလာသည့်စစ်လက်ကျန်ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံ ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။
တစ်ဘက်တွင်လည်း တပ်မတော်က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ရန်ကုန်-စစ်တွေကားလမ်းမ ဘေးဝဲယာနှင့် ကျေးရွာအချို့တို့တွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့မှုများရှိခဲ့သည်။
သို့သော် တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည့်ကျေးရွာအနီးများနှင့် တောတောင်အနီးနေရာများတွင် မိုင်းရှင်းလင်းမှုများကို ထိထိရောက်ရောက်လုပ်ပေးရန် လိုနေသေးသည်ဟုလည်း ဦးဇော်ဇော်ထွန်းက ထောက်ပြသည်။
ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၄ ရက်နေ့က စစ်လက်ကျန်ဗုံးပေါက်၍ လူ ၄ ဦး ပွဲချင်းပြီးသေဆုံးသွားသည့်မြင်ကွင်း။

#စစ်လက်နက်ကျန်ပစ္စည်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.