ထက်အောင်
နိရဥ္စရာ၊ဇွန် ၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ ဇွန်လ ၈ ရက်နေ့၌ လူပေါင်း (၃၉) ဦးကိုကိုဗစ် ၁၉ ရောဂါပိုးစစ်ဆေးခဲ့ရာ (၉) ဦး၌ရောဂါပိုးတွေ့ရှိကြောင်း ၇ခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကအတည်ပြု ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်ပြီး ၀င်ရောက်လာသူ၃၉ ဦးအား ယနေ့တွင် ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ ၉ ဦး၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“(၉)ယောက် (Positive) အဖြစ်တွေ့ပါတယ်။သူတို့ကျန်းမာရေးအခြေအနေတွေ အကုန်ကောင်းပါတယ်။ သူတို့ကို စစ်တွေဆေးရုံကကိုဗစ်လူနာတွေကုသဆောင်မှာ သီးသန့်ခွဲထားပါတယ်။”ဟု နိရဥ္စရာကို ပြောသည်။
အဆိုပါ၉ ဦးတွင် အသက် (၂၀) မှ (၅၀) ကျော် စသည်ဖြင့် အသက်အရွယ် အမျိုးမျိုးပါဝင်ပြီးသူတို့အားလုံးမှာ အမျိုးသားများဖြစ်ကြောင်း သိ၇သည်။
ရခိုင်ပြည်နယ်တွင်ယခုနှစ် မေလမှစတင်ကာ စစ်တွေဆေးရုံ၌ ကိုဗစ် ပိုးတွေ့ရှိသူ (၁၆) ဦးအထိရှိခဲ့သည်။ယင်းအနက် ၁၃ ဦးမှာ ရောဂါပြန်လည်ကောင်းမွန်လာ၍ ဇွန်လ ၅ ရက်နေ့က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။
လက်ရှိတွင်စစ်တွေဆေးရုံ၌ ယခင် လူနာ ၃ ဦးနှင့် ယနေ့လူနာ ၉ ဦး၊ စုစုပေါင်း ၁၂ ဦးရှိနေသေးကြောင်း သိ၇သည်။
တရားဝင်နယ်စပ်ကုန်သွယ်ရေးမှ လာသူများကို ကိုဗစ်ပိုးစစ်ဆေးပေးမှုများလုပ်နိုင်သော်လည်းတရားမဝင်နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်မှုများလည်းရှိသည့်အတွက်ရောဂါပိုးကူးစပ်မှုနှင့် ဆက်စပ်ပြီး စောင့်ကြည့်နေ၇ကြောင်း ဒေါက်တာစိုးဝင်းပိုင်ကဆိုသည်။
ပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ်တွင် ၇ခိုင်ပြည်နယ်အတွင်း ကိုဗစ် ဒုတိယလှိုင်းကူးစက်မှုပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသူ (၃ရ) ဦးနှင့် ကူးစက်ခံ၇သူ (၄၂၆၄)ဦး ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစိးဌာန၏ စာရင်းအရ သိ၇သည်။