Preview

ဘူးသီးတောင် လမ်းမကျောင်းစစ်ဘေးရှောင်စခန်း၌ စာသင်ဆောင်ပျက်စီးနေ၍ စာသင်ကြားရေးအခက်ကြုံနေ

ဇွန် ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :10547
ရခိုင် သတင်း

ရဲသွေးနီနီ(ဘူးသီးတောင်)

နိရဥ္ဇရာ၊ဇွန် ၈/ ၂၀၂၁


ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့ လမ်းမကျောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွင် စာသင်ဆောင်ပျက်စီးနေသောကြောင့် စာသင်ကြားရေးတွင် အခက်ကြုံနေရသည်ဟု သတင်းရရှိ သည်။

အဆိုပါစာသင်ဆောင်ကိုပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကြောင့်ကျောင်းပိတ်ထားလိုက်၇ချိန် အသုံးမပြုဖြစ်ခဲ့သည့်အတွက် ပျက်စီးသွားခြင်းဖြစ်သည်ဟုစခန်းတာဝန်ခံ ဦးဦးကျော်ဝင်းက ပြောသည်။

"ပြုပြင်ဖို့အတွက်NGO အဖွဲ့တွေကိုအကူအညီတောင်းထားတာ တော့ရှိတယ်။ အခုထိတော့အကြောင်းမပြန်သေးဘူး။ ICRC ကကျနော်တို့ကယ်ဆယ်ရေးစခန်းမှာ တစ်အိမ်ထောင်ကို ဝါး ၅၀ နဲ့ ဓနိ ၅၀၀ စီထောက်ပံ့ပေးထားတဲ့အထဲက တစ်အိမ် ဝါး ၅ လုံး နဲ့ ဓနိ ၅၀ စီကိုကျနော်တို့ပြန်အလှူခံပြီး ကိုယ်ထူကိုယ်ထ လုပ်ဖို့စီစဉ်နေပါတယ်။ပေးဖို့မရောက်သေးလို့ အခုစောင့်ဆိုင်းနေ၇တာ။ ကျန်တဲ့လုပ်အားဒါနလုပ်ပေးကြဖို့ကိုတော့CAMP ကလူတွေကိုတိုက်တွန်းထားတယ်။" ဟု နိရဥ္ဇရာသတင်းဌာနသို့ပြောသည်။

လမ်းမကျောင်းစစ်ဘေးရှောင်စခန်းစာသင်ကျောင်းတွင် မူလတန်း၌ ကျား ၁၀၃ ဦး၊ မ ၉၈ ဦး ပေါင်း ၂၀၁ ဦး၊ အလယ်တန်း G-6တွင် ကျား ၁၉ ဦး၊ မ၁၅ ဦး ပေါင်း ၃၄ ဦး။ G-7 တွင်ကျား ၁၅ ဦး၊ မ ၁၁ ဦး ပေါင်း ၂၆ ဦး။ စုစုပေါင်းကျောင်းသား/သူ ဦးရေ ၂၆၁ ဦး ရှိသည်။၎င်းကျောင်းသား/ကျောင်းသူများမှာ ဘူးသီးတောင်မြို့နယ်မှ ကံပြင်၊ စည်တောင်၊ကွမ်းတောင်၊ နွားရုံတောင်၊ စံဂိုးထောင်၊ ဥယျာဉ်သာ၊ သျှစ်သျှားတောင်၊ သရက်ပြင်၊ကြာညိုပြင်၊ ဖုံညိုလိပ်၊ အုတ်တောင်၊ ရခိုင်ကွမ်တိုင်၊ သရဖီ နှင့်ရသေ့တောင်မြို့နယ်မှ ကျောက်တန်း ကျေးရွာများမှ ဖြစ်ကြကြောင်း သိ၇သည်။

လက်ရှိတွင်အဆိုပါကျောင်းသူ၊ ကျောင်းသားများအား လမ်းမကျောင်းဓမ္မာရုံတွင် ယာယီသင်ပေးနေရသည်ဟုလည်းသိ၇သည်။

လမ်းမကျောင်းစစ်ဘေးရှောင်စခန်းရှိစာသင်ကျောင်း တွင်ဘူးသီးတောင်မြို့နယ် စစ်ဘေးသင့်ဒေသက ကျောင်းဖွင့်ခွင့်မ၇သည့်ကျောင်း ၉ ကျောင်းဖြစ်သော စပါးထား၊ ကွမ်းတောင်၊ နွားရုံတောင်၊ စံဂိုးထောင်၊ဥယျာဉ်သာ၊ သျှစ်သျှားတောင်၊ သရက်ပြင်၊ ဒုံးပိုင်၊ သင်းဂနက် စသည့်ကျေးရွာများမှတာဝန်ကျ ဆရာ/မ များထဲမှ ဆရာ/မ (၉)ဦးက သင်ကြားနေခြင်းဖြစ်သည်။

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.